Part 4

5.2K 345 0
                                    

Zawgyi
~~~

ကွန်ဒိုအရောင်းပြပွဲနေ့၌ ပွဲပြီးသွားလို့CEOရုံးခန်းထဲမှာ'သူသူ'ကသူမအဘွားကိုစာရင်းတွေပြောပြနေသည်။

"ဘွား...ဒါက ဒီနေ့ရောင်းလိုက်ရတဲ့တိုက်ခန်းတွေပါ.အရစ်ကျရယ်လက်ငင်းငွေချေတာရယ်ကိုသီးသန့်ပြထားပေးတယ်..ဒီနေ့ချက်ချင်းပဲတော်တော်ရောင်းထွက်သွားတယ်..နည်းနည်းပဲကျန်တော့မယ် ဘွား"

"အေးအေး...ငါ့မြေးလေးပင်ပန်းသွားရောပေါ့...ငါ့ရဲ့မြေးလေးကလပ်ကီးကောင်းလို့ဒီလောက်အများကြီးရောင်းထွက်သွားတာ"

"ဟဲ ဟဲ...မုန့်ဖိုးအများကြီးပေးရမယ်နော် ဘွား"

"ဟုတ်ကဲ့ပါရှင်"

"ဥက္ကဋ္ဌကြီးရှင့်...ဧည့်သည်ရောက်နေပါတယ်.စုံစမ်းရေးမှူး သော်သော်ထွန်းကျော်တဲ့ရှင့်"

"ဟုတ်လား..ဝင်ခိုင်းလိုက်ပါကွယ်"

ရုံးခန်းအပြင်ကဧည့်ကြိုဝန်ထမ်းမလေးလာပြောသောနာမည်ကြောင့် 'သူသူ'လန့်သွားသည်။သူ့ရဲ့စုံစမ်း​ရေးမှူးလားပေါ့၊နာမည်တူအလုပ်တူတာလဲမဖြစ်နိုင်။

"လာပါ.ကြွပါ စုံစမ်းရေးမှူး"

"ဟုတ်ကဲ့ ဥက္ကဋ္ဌကြီး"

'သူသူ'သိတဲ့စုံစမ်းရေးမှူးမလေး'သော်သော်'အစစ်ပါပဲ။အထဲကိုဝင်လာတဲ့'သော်သော်'ကလဲအံ့သြစွာနဲ့လှမ်းကြည့်ရင်း ၂ယောက်စလုံးဆွံ့အပြီး မျက်လုံးပြူးလေးတွေဖြစ်နေကြသည်။

"ထိုင်ပါနော် စုံစမ်းရေးမှူး"

"ဟုတ်ကဲ့ရှင့်"

ဥက္ကဋ္ဌကြီးညွှန်ပြတဲ့ဘယ်ဘက်ကထိုင်ခုံမှာ'သော်သော်'ဝင်ထိုင်လိုက်သည်။'သူသူ'ကညာဘက်ကထိုင်ခုံမှာ၊အဘွားကတော့စားပွဲရဲ့ထိပ်မှာဆိုတော့ သူမတို့၂ယောက်ကမျက်နှာချင်းဆိုင်ဖြစ်နေတာပေါ့။

"စုံစမ်းရေးမှူးဆိုတော့ အသက်ကြီးကြီး၊ကြမ်းကြမ်းရမ်းရမ်းမှတ်နေတာ...ဘယ့်နှယ်...ဒီလိုချောချောလှလှလေးဖြစ်နေလိမ့်မယ်လို့ ကျွန်မတော့လုံးဝကိုမတွေးခဲ့မိပါဘူး စုံစမ်းရေးမှူးရယ်...အရမ်းလှတာပဲ"

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး...'သော့်'ကိုစုံစမ်းရေးမှူးလို့မခေါ်ပါနဲ့...ရင်းရင်းနှီးနှီး 'သော်သော်'လို့ပဲခေါ်ပါရှင့်"

Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+ZawWhere stories live. Discover now