Part 13

4.4K 279 2
                                    

Zawgyi
~~~

ချစ်သူတွေဖြစ်သွားကြပြီးနောက် 'သူသူ'ကနေ့တိုင်းနီးပါး'သော်သော့်'စခန်းသို့လာပါသည်။တစ်စခန်းလုံးအတွက်မုန့်တွေဝယ်လာပေးပြီး အဓိကကတော့သူ့ချစ်သူစားရအောင်လို့လေ။

ဒီနေ့လဲစားစရာတွေတစ်ထုပ်လိုက်ကြီးယူလာပြီးရောက်လာပါတယ်။

"မောင်ဘုန်း....'သော်သော်'အထဲမှာရှိတယ်မလားဟင်"

"သြော် မမသူ.ရောက်လာပြီကိုး....ရှိတော့ရှိပေမယ့် အထဲမှာဧည့်သည်ရှိ..ရှိ..."

'မောင်ဘုန်း'ရဲ့စကားကိုဆုံးအောင်ပင်နားမထောင်တော့ဘဲ 'သူသူ'ရုံးခန်းတံခါးဖွင့်လိုက်သည်။'သော်သော့်'ရုံးခန်းထဲကိုတခြားသူတွေက'ကလျာ'မှတစ်ဆင့်ဝင်ရပေမယ့်၊'သူသူ'ကတော့တံခါးမရှိဓားမရှိဝင်ထွက်ခွင့်ရှိတယ်လေ။ဒါတောင် ချစ်သူတွေဆိုတာသိကြသေးတာမဟုတ်ဘူး။

"သော်သော်.."

သူ့ချစ်သူကိုပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်လိုက်ပေမယ့် အထဲမှာ'မြတ်ထိပ်ထား'ရောက်နေလို့ချက်ချင်းမျက်နှာစူပုပ်သွားသည်။

"သူသူ ရောက်လာပြီလား...လာ.ထိုင်လေ"

'သူသူ'က'ထိပ်ထား'နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။

"သူသူထက်ကို...နင့်ကို ငါလာတိုင်းအမြဲတွေ့ရတယ်နော်...ဒီကိုဘာကိစ္စရှိလို့ လာတာလဲ"

['ငါ့ချစ်သူကိုလာတွေ့တာ.ဘာလုပ်ချင်လဲ.နင်အခုသိပြီဆိုတော့ နောက်တစ်ခါငါ့ချစ်သူဆီမလာနဲ့တော့'

ထိုစကားကိုစိတ်ကူးထဲမှာပြောနေလေရဲ့။]

"ဘာကိစ္စရှိရှိပေါ့..နင့်အပူမပါဘူး"

"ငါကလဲ လူမှုရေးအရမကောင်းတတ်လို့မေးတာ..အရမ်းသိချင်တယ်များထင်မနေနဲ့"

"သော်တို့အလုပ်ကိစ္စလေးပြောကြရအောင်နော်...ဟိုဘက်ကကုမ္ပဏီကလူယုံနဲ့'ထိပ်ထား'တို့ထဲကလူနဲ့တိတ်တဆိတ်တွေ့ခဲ့တယ်လို့ မျက်မြင်သက်သေတစ်ယောက်ကပြောထားတယ်...အဲ့ဒီလူက #$%^&*# "

ဒီကောင်မလေးနှစ်ယောက်ရန်ဖြစ်မှာစိုးလို့ 'သော်သော့်'မှာကြားဝင်ဖြတ်ပြီး အမှုအကြောင်းပြောပြလိုက်ရသည်။အကြာကြီးပြောဆိုဆွေးနွေးကြပြီးနောက် 'ထိပ်ထား'ပြန်တော့မှာမို့လို့ကားနားအထိ နှစ်ယောက်သားလိုက်ပို့ပေးကြသည်။

Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+ZawWhere stories live. Discover now