Part 9

4.9K 305 7
                                    

Zawgyi
~~~

စီးပွားရေးလောကရဲ့နာမည်ကြီးထဲက တစ်ယောက်ဖြစ်သော'ဦးဇမ္ဗူ 'ရဲ့ ​မွေးနေ့ပါတီပွဲနေ့ဝယ်။

အဘွားကိုယ်စား မွေးနေ့ပွဲလာတဲ့'သူသူ'ကနှင်းဆီပွင့်ဖတ်ကြီးတွေနဲ့ဖောက်ထားတဲ့ဂါဝန်ဖြူ ဖြူ လှလှလေးနဲ့ အလှဆုံးပွဲတက်လာပါတယ်။

ထို့အတူပဲ 'သော်သော်'လဲသူ့အဖေနဲ့ရင်းနှီးတဲ့လူဖြစ်တာကြောင့် ဒီပွဲကိုရောက်လာပါတယ်။'သော်သော်'ကတော့ ပုခုံးနားမှာအပေါက်ဖောက်ထားတဲ့ ကြက်သွေးရောင်ပွဲတက်ဂါဝန်လေးဝတ်လာပြီး အရမ်းကိုလှနေပါတယ်။

"သူသူ! "
"သော်သော်! "

အပေါက်ဝမှာ တစ်ယောက်နဲ့တစ်ယောက်တွေ့သွားကြသည်။

"သူသူ မွေးနေ့ပွဲလာတာလား"

"သော်သော်ကကော...ဒီကိုဘာလာလုပ်..."

"သော်သော်လဲ မွေးနေ့ပွဲပဲလာတာလေ"

"သူသူ့ရဲ့မွေးနေ့တုန်းကဖြင့် ပါတီပွဲတွေမကြိုက်ဘူးဆို...စိတ်ထဲကမပါဘဲဟန်ဆောင်နေရတာတွေမုန်းတယ်ဆို...အခုကျတော့.."

မျက်နှာလေးစူပုပ်သွားတဲ့'သူသူ့'ကြောင့် ဘယ်လိုဖြေရှင်းရမှန်းမသိဘဲ'သော်သော်'ခေါင်းသာကုပ်မိတော့သည်။

"သော်သော် တကယ်ကိုပါတီပွဲတွေမကြိုက်တာပါ 'သူသူ'ရယ်...အခုဟာက ဖေဖေ့မိတ်ဆွေဖြစ်နေတော့လေ...ဖေဖေကဒီကိုမလာနိုင်လို့ 'သော်သော်'ကကိုယ်စားလာပေးတာ...ဒီဝိုင်ပုလင်းလေးပေးရုံပဲမို့လို့...ပြီးတော့ အဓိကက'မြတ်ထိပ်ထား'တို့မိသားစုလဲဒီကိုလာမှာတဲ့လေ...'သူသူ့'မိဘတွေရဲ့အမှုမှာ သံသယရှိသူတွေမဟုတ်လား...အဲ့ဒါကြောင့်မို့လို့ အနီးကပ်လေ့လာအကဲခတ်ရအောင်လို့ တမင်လာတာ"

အဖြေကိုကျေနပ်သွားတဲ့ပုံနဲ့ 'သူသူ'ကခေါင်းလေးဆတ်ပြလိုက်သည်။

[ထို'မြတ်ထိပ်ထား'ဆိုတဲ့ကောင်မလေးရဲ့အဖေ 'ဦးမြတ်အောင်'က 'သူသူ့'အဖေနဲ့စီးပွားရေးပြိုင်ဖက်တွေဖြစ်ခဲ့သည်။'သူသူ့'အဖေ ပြင်ဦးလွင်မှာပရောဂျက်ရှိတုန်းက ထိုလူလဲပြင်ဦးလွင်မှာရှိနေခဲ့သည်။ပြင်ဦးလွင်ကမြေကွက်တွေကိုအပြိုင်အဆိုင်ရဖို့ကြိုးစားကြရင်း 'သူသူ့'မိဘတွေလုပ်ကြံခံလိုက်ရသောကြောင့် သံသယရှိသူစာရင်းထဲသွင်းထားခြင်းဖြစ်သည်။]

Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+ZawWhere stories live. Discover now