Part 34

3.1K 205 4
                                    

Zawgyi
~~~

အိမ်ရှေ့ဧည့်ခန်းထဲမှာအဘွားနဲ့'နိုင်နိုင်'ကိုခေါ်ထားပြီး 'သူသူ'အမှန်အတိုင်းဖွင့်ပြောဖို့လုပ်နေသည်။'နိုင်နိုင်'ကသူမတို့အကြောင်းကိုသိထားတော့ ဖွင့်ပြောတော့မှာလားဆိုတဲ့သဘောနဲ့မေးဆတ်ကာမျက်ခုံးလေးလှုပ်ပြပြီးမေးနေသည်။ထို့ကြောင့်'သူသူ'ကမသိမသာခေါင်းလေးငြိမ့်ပြကာအသံတိတ်အဖြေပေးလိုက်သည်။

"ငါ့မြေးလေး..ဘာများအရေးကြီးပြောစရာရှိလို့ ဘွားကောမောင်လေးကိုကောခေါ်ထားရတာတုန်း...ဟင်...ဘာပြောမလို့လဲ..ပြောလေ"

"ဟိုဟာလေ...'သူသူ'အရမ်းအရေးကြီးတဲ့စကားပြောစရာရှိလို့ပါ ဘွား....သမီးပြောမှာကို သေသေချာချာစိတ်အေးအေးထားနားထောင်ပေးပါနော်"

"အေးပါ ငါ့မြေးလေးရဲ့...ဘာပြောမှာမို့လို့ ဒီလောက်အရှိန်ယူနေရတာလဲ..ပြောမှာသာပြောပါ..ဘွားသေချာနားထောင်ပါ့မယ်"

"ဟုတ်ကဲ့ပါ ဘွား...'သူသူ'ပြောမယ်နော်...'သူသူ'ပြောမှာကလေ...'သူသူ'ပြောချင်တာ....ဟိုဟာ...'သူသူ့'မှာ....'သူသူ့'မှာချစ်သူရှိနေပြီ"

"ဟေ!!...ဟုတ်လား..ငါ့မြေးလေးကချစ်သူရှိနေပြီ...ဘွားဘာသတင်းမှလဲမကြားခဲ့ပါလား...ငါ့မြေးလေးသတင်းဆို ဟိုးလေးတကြော်ဖြစ်မှာပါ...ဘာလို့ ဘယ်သူမှမသိခဲ့ကြတာပါလိမ့်...ငါ့မြေးလေးက ဘွားကိုလုံးလုံးကိုမပြောခဲ့ပါလား"

"သူသူတောင်းပန်ပါတယ်...ဘွားစိတ်ပူမှာစိုးလို့ 'သူသူ'မပြောခဲ့တာပါ...ပြီးတော့'သူသူ'တို့က ဘယ်သူမှမသိအောင်.မရိပ်မိအောင်တွဲခဲ့လို့ပါ ဘွား...အဲ့ဒါလေ...သမီး...သမီးချစ်သူနဲ့လက်ထပ်တော့မယ်"

"ဘယ်လို!!...လက်ထပ်တော့မယ်?...လက်ထပ်တယ်ဆိုတာအပျော်လုပ်စရာမဟုတ်ဘူးနော် ငါ့မြေးရဲ့...ပြောပါဦး.တွဲတာဘယ်လောက်ကြာပြီမို့လို့ လက်ထပ်တော့မှာလဲ"

"သူသူတို့တွဲတာ ၁နှစ်နီးပါးရှိနေပြီဘွား"

"အဲ့လောက်တောင်ကြာပြီလား...ကြည့်ဦး.ဒီလောက်အကြာကြီးဘွားကိုညာထားတာပေါ့"

"ဘွားစိတ်မဆိုးပါနဲ့...'သူသူ'ပြောခဲ့သလိုပဲ ဘွားကိုစိတ်မပူစေချင်လို့.မစိုးရိမ်စေချင်လို့ပါ...နော်"

Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+ZawWhere stories live. Discover now