Part 35

3.4K 207 4
                                    

Zawgyi
~~~

စနေနေ့ပိတ်ရက်မှာချစ်သူကိုကတိပေးထားတဲ့အတိုင်း မိဘတွေရဲ့ခွင့်ပြုချက်ရဖို့'သော်သော်'ပြင်ဦးလွင်ကိုတက်ခဲ့ပါသည်။သူမတစ်ယောက်ထဲမဟုတ်ပါဘူး၊အဘိုးနဲ့အဘွားကိုပါတစ်ပါတည်းခေါ်လာခဲ့သည်။မိသားစုတွေအားလုံးကိုတစ်ပြိုင်တည်းအသိပေးချင်တဲ့သဘောနဲ့ပါ။

"သမီး...ဖေဖေတို့ကိုဘာများပြောမလို့လဲ...အဘိုးနဲ့အဘွားကိုကောခေါ်လာပြီး အကုန်လုံးကိုပြောစရာရှိတယ်ဆိုတော့..ဘာများလဲ"

"ဟုတ်ပါ့ မေမေ့သမီးရယ်...ဘာအရေးကြီးကိစ္စရှိနေလို့လဲ...ပြင်ဦးလွင်ကိုတစ်နှစ်တစ်ခါလောက်ပဲလာတဲ့မေ့သမီးက ဗြုန်းစားကြီးအသိပေးပြီးရောက်ချလာတာ...မေမေရင်တွေပူလိုက်တာ...ဘာအခက်အခဲတွေဖြစ်နေလဲ...မေမေ့ကိုမြန်မြန်ပြောစမ်းပါ"

မိဘတွေကဘာမှမသိဘဲစိတ်ပူပေးနေကြတော့ 'သော်သော်'အားနာပြီးပြောမထွက်ရက်။ဒါပေမယ့်လဲမပြော၍မရ၊သူမအားတင်းကာပြောရတော့မည်။

"သမီး ဖေဖေနဲ့မေမေကော.ဘိုးနဲ့ဘွားကိုပါ အရေးကြီးတဲ့ကိစ္စလေးပြောချင်လို့ လူစုံအောင်လို့လုပ်လိုက်ရတာ...သမီးဘဝအတွက်အရမ်းအရေးကြီးတဲ့ကိစ္စပါ...မေမေတို့အားလုံး သေချာဂရုတစိုက်နားထောင်ပေးစေချင်တယ်...စိတ်လျှော့ပြီးနားထောင်ပေးကြပါလို့ကြိုပြောထားပါရစေ"

"ဘာတွေလဲ...ဘာများလဲ...ဘယ်လောက်ထိအရေးကြီးနေလို့ မေ့သမီးမျက်နှာကတည်နေရတာလဲ...မေမေလန့်လာပြီ..မေမေ့ကိုပြောစမ်း.ဘာမှဖုံးကွယ်မထားဘဲအကုန်ပြော"

"ဒါဆို သမီးပြောတော့မယ်နော်...သမီးအခုပြောမယ့်စကားတွေကိုယုံကြည်ပြီးနားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်...သမီးပြောချင်တာကလေ...သမီးမှာချစ်သူရှိနေပြီ...သမီးချစ်ရတဲ့သူနဲ့လက်ထပ်တော့မယ်...အဲ့ဒါပြောချင်တာပါ"

(သူမကြောင့် မိသားစုတွေအကုန်လုံးမျက်လုံးလေးတွေပြူးကာလန့်ဖျပ်သွားကြသည်။)

"ဘာ!!...ဘယ်လို...လက်ထပ်တော့မယ်.ဟုတ်လား...မေမေဖြင့် သမီးမှာချစ်သူရှိတယ်ဆိုတာတောင်မသိခဲ့ရပါလား...ဗြုန်းစားကြီးလက်ထပ်ရအောင် သမီးမှာ....မေမေ့သမီးမှာကိုယ်လေးလက်ဝန်တွေ...ဘာတွေ.."

Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+ZawWhere stories live. Discover now