Part 6

4.8K 303 0
                                    

Zawgyi
~~~

အိမ်အပေါ်ထပ်လှေကားကနေ 'သူသူ'ပန်းရောင်ဂါဝန်လေးဝတ်ပြီးဆင်းလာသည်။ပြင်ဦးလွင်မှာရှိတဲ့ သူမရဲ့ငယ်ငယ်တုန်းကဆရာကြီးရဲ့အသက်၆၀ပြည့်မွေးနေ့ကိုသွားရမှာပါ။

"ငါ့မြေးလေးကလှလိုက်တာ...တစ်ယောက်တည်းမသွားစေချင်ဘူးကွယ်...'နိုင်နိုင့်'ကိုခေါ်သွားပါလား"

"ဟာ ဘွားကလဲ...သား ချိန်းထားတာရှိတယ်"

အောက်ထပ်ဧည့်ခန်းထဲမှာ အဘွားနဲ့'နိုင်နိုင်'ထိုင်နေကြသည်။

"ပြောမနေပါနဲ့ ဘွားရယ်...သူ့အတွက်တော့ အစ်မထက်သူငယ်ချင်းတွေကပိုအရေးကြီးနေတာလေ...သူမပါလဲကိစ္စမရှိပါဘူး...ဦးလေးနဲ့သွားမှာပဲဟာ...ဘာမှစိတ်မပူနဲ့နော် ဘွား... 'သူသူ'ချက်ချင်းပြန်လာမှာပဲဟာ"

"အေးပါကွယ်..ခရီးကနည်းနည်းဝေးတော့ ဘွားကစိတ်ပူလို့ပါ...ကောင်းကောင်းသွားပြီးကောင်းကောင်းပြန်ခဲ့နော်...ဘွားကနှုတ်ဆက်တယ်လို့လဲ ဆရာကြီးကိုပြောလိုက်ဦး"

"ဟုတ်"

"ကျောင်းအတွက် လိုအပ်တာရှိရင်လဲလှမ်းပြောပါလို့...ကူညီဖို့အသင့်ပဲလို့ပြောလိုက်ဦးနော် မြေး"

"ဟုတ်ကဲ့ပါ ဘွားရဲ့...တာ့ တာ"

                             ******

ပြင်ဦးလွင်ကဆရာကြီးရဲ့အိမ်ရောက်တော့ 'သူသူ'ထိုင်ကန်တော့ပြီး ဆရာကြီးနဲ့စကားတွေအများကြီးပြောနေသည်။စကားပြောပြီးနောက် 'သူသူ' မုန့်စားရန်ခြံထဲသို့ဆင်းခဲ့သည်။

မွေးနေ့ပွဲကအိမ်ထဲမှာမဟုတ်ဘဲ ခြံထဲမှာကျယ်ကျယ်ဝန်းဝန်းလုပ်တာဖြစ်သည်။ကျွေးတာကတော့ ဖျော်ရည်နဲ့ကိတ်မုန့် ဘူဖေးဖြစ်ပါသည်။ကိုယ်တိုင်ယူစနစ်ဆိုတော့ 'သူသူ'ကိုယ်ကြိုက်တဲ့ကိတ်မုန့်လေးတွေကို တစ်ခုချင်းရွေးယူနေသည်။

                               ******

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။

ဒီဆရာကြီးက'သော်သော့်'ဆရာအရင်းကြီးဖြစ်နေတော့ 'သော်သော်'ပါဒီကိုရောက်နေပါတယ်။'သော်သော်'ရဲ့မိဘတွေကပြင်ဦးလွင်ကဖြစ်ပြီးတော့ သူမကျောင်းပြီးတဲ့အထိဒီမှာပဲနေခဲ့တာမဟုတ်လား။ပြီးတော့ ဆရာကြီးရဲ့တစ်ဦးတည်းသောသမီး ဆရာဝန်မလေး'နွယ်ဒါလီ'က'သော်သော့်'ရဲ့အခင်မင်ဆုံး၊အချစ်ရဆုံးသူငယ်ချင်းပါပဲ။

Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+ZawWhere stories live. Discover now