Zawgyi
~~~မနေ့က 'သူသူ'အခန်းအောင်းပြီးဘာမှမစားဘူးလို့ 'နိုင်နိုင်'ကဖုန်းဆက်ပြောခဲ့လို့၊ဒီနေ့မနက် အလုပ်မသွားခင်'သော်သော်'အိမ်အထိလိုက်လာခဲ့တယ်။
"မြေးသော်...မနက်အစောကြီး ဘာအရေးကြီးကိစ္စရှိလို့လဲ"
အိမ်ရှေ့ဧည့်ခန်းထဲမှာထိုင်နေတဲ့အဘွားက မေးလိုက်သည်။
"သြော် ဘွား...ဘာမှထွေထွေထူးထူးမရှိပါဘူး ဘွားရယ်...'သူသူ'ထမင်းမစားဘူးဆိုလို့လာကြည့်တာ...သူခံတွင်းလိုက်အောင်ကြေးအိုးလဲဝယ်လာပေးရင်းနဲ့လေ....ဘွားက အလုပ်သွားတော့မှာပေါ့"
"ဟုတ်တယ် မြေးရဲ့...အခုပဲ သွားတော့မှာ...'နိုင်နိုင်'နဲ့အတူတူသွားမှာမို့လို့စောင့်နေတာ...တတိယထပ်ကိုတက်သွားလိုက်လေ မြေး....မြေးသော်လာလို့တော်သေးတာပေါ့...'သူသူ'ဘာဖြစ်တယ်မသိဘူး.တစ်နေ့လုံးအခန်းအောင်းပြီးဘာမှမစားဘူးလေ...ဘွားချော့လို့မရဘူး...မြေးသော်ကူညီပြီးပြောပေးသွားပါဦး"
"ပြောရရင် 'သော့်'ကြောင့်ပါဘွားရယ်...'သော်'မကောင်းလို့အခုလိုဖြစ်ရတာပါ"
"ဟေ"
"သော်အမှားလုပ်မိလို့ 'သူသူ'ကစိတ်ဆိုးသွားတာလေ...အဲ့ဒါကြောင့်ပါ...ပြန်တောင်းပန်ပြီး ထမင်းစားအောင်ပြောကြည့်ပါ့မယ် ဘွား...သော် အပေါ်တက်လိုက်ဦးမယ်နော်"
"အေး.အေး...သြော်.လက်စသတ်တော့ မြေးသော်ကိုစိတ်ဆိုးလို့ထမင်းမစားတာကိုး..ငါ့မြေးလေးကတော့လေ"
အဘွားကတော့ တကယ့်အမှန်တွေမသိရှာပါ။
******
ဒုတိယထပ်ရောက်တော့ အလုပ်သွားဖို့ပြင်ဆင်ပြီး အခန်းထဲကထွက်လာတဲ့'နိုင်နိုင်'နဲ့ထပ်တွေ့လေရဲ့။
"ဟော...မမသော်.မမကိုလာတွေ့တာလား"
"ဟုတ်တယ် 'နိုင်နိုင်'...အခုထိလဲ 'သူသူ'ကဘာမှမစားသေးဘူးလား"
"ဟုတ်တယ်ဗျို့...ဘယ်သူကမှပြောလို့မရဘူးဖြစ်နေတာ...မမသော်ပြောမှပဲရတော့မှာ"
'နိုင်နိုင်'ကအားလုံးသိထားတာဆိုတော့ 'သော်သော်'အနေရခက်လာသည်။
YOU ARE READING
Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+Zaw
Teen FictionZawgyi ~~~ အချစ်ဆိုတဲ့အရာနဲ့တစ်ခါမှမပတ်သက်ခဲ့ကြဖူးတဲ့သူနှစ်ယောက် ❌❌ တည်ငြိမ်ရင့်ကျက်တဲ့'စုံစမ်းရေးမှူး'မလေးနဲ့ကလေးတစ်ယောက်လိုဖြူ စင်သော'သူဌေးသမီး'လေးတို့ တစ်ယောက်နဲ့တစ်ယောက် ပထမဦးဆုံးအကြိမ်အဖြစ်ချစ်မိသွားကြရင်း...💘💘 ရှုပ်ထွေးလှတဲ့လောကကြီးထဲမှာ သူတို...