🐚🎈 MB - XZ 🎈🐚

10K 475 13
                                    

🎈 My Balloon 🎈

🐳 Episode - 1 🐳

❆ အရှင်​မ...အရှင်​မ...!! ❆

ထိတ်​လန့်​တကြား​အော်​ဟစ်​ရင်း
နန်း​ဆောင်​ထဲကို​ပြေးဝင်​လာတဲ့
အထိန်းကိုယ်​ရံ​တော်​...

❆ ဘာ​တွေပြာယာခတ်​​နေတာလဲ!! ❆

သြဇာအပြည့်​နဲ့ထွက်​​ပေါ်လာတဲ့
ပုလ္လင်​​ပေါ်ကအမျိုးသမီးရဲ့အသံ...

❆ အိမ်​​ရှေ့စံ...အိမ်​​ရှေ့စံ...​ရေထဲကျသွားလို့ပါ...❆

❆ ဘာ...အဲ့တာကိုမင်းတို့က မကယ်​ပဲ
ငါ့ကိုလာ​လျှောက်​​နေတယ်​...မင်းတို့မှာအသိဥာဏ်
မရှိဘူးလား...❆

ပုလ္လင်​​ပေါ်ကအမျိုးသမီးက အလျင်​အမြန်​ပဲ
ထလိုက်​ပြီး မင်းသား​လေး​ရေထဲကျတဲ့
နေရာကိုမ​ပြေးရုံတမယ်​သွား​လေသည်​...

ရေငုပ်​ကျွမ်းတဲ့ စစ်​သည်​​တွေကလည်း​ရေငုပ်​ပြီး
မင်းသား​လေးကိုရှာ​နေကြတာမြင်​မှ
သူမအနည်းငယ်​ စိတ်​​အေးသွားရသည်​...
သို့​သော်​အနည်းငယ်​​မျှသာ...

သား​တော်​​လေးရဲ့မျက်​နှာကိုမမြင်​ရမချင်း
သူ'ဟင်း'မချနိုင်​​သေး​ပေ...

ပင်​လယ်​​ရေနက်​ထဲထိ ​ရေငုပ်​ပြီးရှာကြ​ပေမဲ့
မင်းသား​လေးရဲ့အရိပ်​အ​ယောင်​ပင်​မေ​တွ့ရတာမို့
စစ်​သည်​​တွေလည်းထူပူစပြုလာပြီဖြစ်​သည်​...

စိုးရိမ်​မှု​ကြောင့်​ ရာဇအိ​နြေ္ဒ​ပင်​မထိန်းနိုင်​​တော့တဲ့
ဘုရင်​မရဲ့မျက်​နှာက ပြို​တော့မဲ့မိုးလို...

စစ်​သည်​​တွေလည်း ရှိရှိသမျှအကုန်
ရေထဲဆင်းပြီး ​ဝေးလံတဲ့​နေရာ​တွေထိပါ
လိုက်​လံ​ရှာ​ဖွေ​နေကြ​လေပြီ...

မနက်​ထဲက​ရေထဲကိုကျသွားတဲ့မင်းသား​လေးကို
ည​နေမိုးချုပ်​တဲ့အထိရှာမ​တွေ့တာမို့...
ဘုရင်​မဟာ တစ်​စုံတစ်​ခုကိုဆုံးဖြတ်​ချက်​ချလိုက်​သည့်​ပုံပင်​....

သူမဟာ သူမလည်​ပင်းက ခရုပုံ
ဆွဲသီး​လေးကိုကိုင်​ပြီး တစ်​စုံတစ်​ရာကို
တီးတိုး​ရေရွတ်​​လေသည်​...

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now