🐚🎈 MB - XZ 🎈🐚 U&Z

2.6K 399 8
                                    

🎈 My Balloon 🎈

🐳 Episode - 13 🐳

ကြယ်​​ရောင်​လ​ရောင်​​တောင်​မ​ပျောက်​​သေးတဲ့
မနက်​​လေးနာရီအချိန်​မှာ​တော့ ကျိရန်​ဟာ
လှုပ်​လိလှုပ်​လဲ့နဲ့နိုးလာ​ချေပြီ...

ဒါဟာအရင်​ကလည်းသူအိပ်​ယာထတဲ့အချိန်​ဖြစ်​သည်

ညဆိုတစ်​ချက်​ထိုးမှာအိပ်ယာဝင်​တယ်
မနက်​ဆို ​လေးနာရီထတယ်​...

မင်းသား​လေးနဲ့ဘုရင်​မကြီးရဲ့လုံခြုံ​ရေးသည်​သာအ​ရေးကြီးသည်​မို့ အိပ်​ချိန်​ကိုအ​လေးမထားမိခဲ့....

မှောက်​လျက်​သားအိပ်​​နေမိတာမို့ လက်​နှစ်​ဖက်​ကို
အိပ်​ယာ​ပေါ်သို့​ထောက်​ပြီး ထရန်​ပြင်​လိုက်​စဉ်
မိမိရင်​ခွင်​​အောက်​ကလူတစ်​​ယောက်​ကိုမြင်​လိုက်​ရသည်

ဂါဝန်​ရှည်​ကြီးကိုဝတ်​ဆင်​ထားပြီး
အနက်​​ရောင်​ဆံနွယ်​ရှည်​တို့ဟာ​​မွှေ့ယာ​ပေါ်မှာ
ပျံ့ကျဲ​နေ​လေသည်​....

ကျိရန်​အတန်​ကြာ​အောင်​​ငေး​မော​နေမိပြီးမှ
သတိဝင်​လာသည်​....

ထိုအခါမှမိမိကိုယ်​ကိုပြန်​ကြည့်​မိ​တော့
တပတ်​ပိုင်းတစ်​ခုသာကိုယ်​​အောက်​ပိုင်းမှာ
ရှိ​နေ​လေသည်​....

မ​နေ့ညက....။

သူအကုန်​လုံးကိုမှတ်​မိသွားတဲ့​နောက်
အိပ်​ယာ​ပေါ်က​နေအမြန်​ထလိုက်​ပြီး
ရင်​ခွင်​​အောက်​ကမိန်းက​လေးကိုလှုပ်​နှိုးလိုက်​သည်​...

တအင်းအင်းတအဲအဲငြီးပြီးတဖက်​ကို
လှည့်​သွားတဲ့ မိန်းက​လေး...။

❆ ဟိတ်​...ထစမ်း..မင်းထစမ်း...❆

❆ ပါး..ခဏ​လောက်​အိပ်​ဦးမယ်​....❆

အမ်​...ပါး?...

❆ ဟာ...မင်း...❆

ဒုန်း!!!...

တံခါးပွင့်​သံအကျယ်​ကြီး​ကြောင့်
လှည့်​ကြည့်​မိ​တော့ ညဝတ်​ဝတ်​ရုံ​တော်​အ​ပေါ်က​နေ
ခြုံလွှာထပ်​ထားတဲ့ဘုရင်​မကြီးနဲ့
ကိုယ်​ရံ​တော်​တသိုက်​...

တပတ်​တစ်​ထည်​ထဲကိုဝတ်​ထားတဲ့ကျိရန်​ကိုတစ်​လှည့်
တစ်​ဖက်​ကို​စောင်းပြီးအိပ်​​ပျော်​​နေတဲ့မိန်းက​လေးကို
တစ်​လှည့်​ကြည့်​ပြီးတဲ့​နောက်​မှာ ဘုရင်​မကြီးက
အ​ပေါက်​ကိုပြန်​ပိတ်​​ပေးပြီး ထွက်​သွား​လေသည်​...

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now