🐚🎈 MB - XZ 🎈🐚 U&Z

2.9K 313 18
                                    

🎈 My Balloon 🎈

🐳 Episode - 15 🐳

ရေထဲမှာနာရီအ​တော်​ကြာ​အောင်​​နေလိုက်​တာမို့
ရိ​ပေါ်​နေသိပ်​မ​ကောင်းချင်​...။

လူက​ခေါင်းကိုက်​တာလိုလို ဘာလိုလိုနဲ့...

ကိုကိုအတင်းခွံ့လို့ပါးစပ်​ထဲ​ရောက်​လာတဲ့
ရေ​မှော်​ပင်​​တွေရဲ့အရသာကလည်းအခုချိန်​ထိ
ပါးစပ်​ထဲမှာစွဲ​နေဆဲ...။

❆ အိမ်​​ရှေ့စံ ဘုရင်​မကြီးရဲ့အမှာစကားပါ ❆

ရိ​ပေါ်​ခေါင်းငြိမ့်​ပြလိုက်​​တော့ စစ်​သည်​က
❆ ​နေတစ်​ဝင်​ကြာပြီးတဲ့​နောက်​မှာ ရီယန်​နိုင်​ငံက
အမျိုး​ကောင်းသမီးနှစ်​​ယောက်​ ​ရောက်​ရှိလာ​တော့မှာမို့
ကြိုဆိုဖို့ပြင်​ဆင်​ထားရန်​ပါ ❆

❆ သိပြီ သွား​တော့ ❆

ရိ​ပေါ်နားထင်​ကိုလက်​နဲ့ဖိလိုက်​ရင်း
အစီအစဉ်​ချရန်​စဉ်းစား​နေမိသည်​ ။

❆ ရိ​ပေါ်...​နေမ​ကောင်းဘူးလား ❆

ကိုကိုရဲ့အသံ​သေး​သေး​လေး​ကြောင့်
ဖြစ်​ချင်​​နေတဲ့​ရောဂါတစ်​ဝက်​​လောက်
သက်​သာသွားသလိုပင်​...။

ရိ​ပေါ်ကိုကို့ကို လှမ်းကြည့်​လိုက်​​တော့
တံခါးက​နေသူ့ကို ​ခေါင်း​လေးသာ​ဖော်​ပြီး
ကြည့်​​နေ​လေသည်​ ။

(ရိ​ပေါ်ရဲ့အိပ်​ခန်းနဲ့စင်္ကြံကြားထဲမှာဧည့်​ခန်းသ​ဘောမျိုး
အခန်းတစ်​ခန်းရှိပါတယ်​ ရိ​ပေါ်ကအခုအဲ့အခန်းထဲက
ခုံမှာထိုင်​​နေတာဖြစ်​ပြီး ​ရှောင်​ကျန့်​ကအိပ်​ခန်းထဲက​နေ
ရိ​ပေါ်ကိုလှမ်းကြည့်​တာပါ​နော်​ )

❆ ကိုကို ဒီနားကိုလာခဲ့ ❆

ရိ​ပေါ် ထိုင်​ခုံလက်​ယမ်းကိုပုတ်​ပြလိုက်​ပြီး
ကိုကို့ကို​ခေါ်လိုက်​​တော့ သူ့နားကို လှုပ်​လိလှုပ်​လဲ့​နဲ့
လာ​နေတဲ့ကိုကို...

ချစ်​ဖို့​ကောင်းလိုက်​တာ...

အနားကို​ရောက်​​တော့ သူပုတ်​ပြတဲ့ လက်​ယမ်း​ပေါ်ကို
ထိုင်​ချလိုက်​တဲ့ကိုကို့ကို ရိ​ပေါ်က သူ့အ​ပေါ်ကို
ဆွဲချလိုက်​​လေသည်​ ။

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Место, где живут истории. Откройте их для себя