🐚🎈 MB - XZ 🎈🐚 U&Z

2.4K 235 46
                                    

Unicode ver ~~

🎈 My Balloon 🎈

🐳 Episode - 19 🐳

ပင်လယ်ကိုလုံးဝမြင်လို့မရတဲ့ဆိုဖီယာကြောင့်
ပင်လယ်ကိုမမြင်ရတဲ့အခန်းကိုချက်ချင်းပြန်ပြောင်းပေးလိုက်ရသည် ။

ဆိုဖီယာဘာလို့ပင်လယ်ကိုကြောက်လဲဆိုတာ
ရိပေါ်လုံးဝစဥ်းစားလို့မရ ။

ဘာလို့ဆို ရီယန်နိုင်ငံက သုံးဘက်သုံးလံမှာ
ပင်လယ်သုံးစင်းကဝန်းရံထားတာမလား ။

အခုမှတွေးမိတယ်....ဆိုဖီယာသူ့နိုင်ငံကိုလာတာ
ကုန်းလမ်းကနေမလား....

ဟွန်း....ဒီကိစ္စကထူးဆန်းနေပြီ..ရီယန်နိုင်ငံရဲ့
အနာဂါတ်ဘုရင်မကပင်လယ်ကြောက်တယ်တဲ့လား

ရိပေါ် ဆိုဖီယာ့ကိုနေရာချထားပေးပီးနောက်
ယွီပင်ကိုမှာကြားရန်တိတ်တဆိတ်ထွက်လာခဲ့လိုက်သည် ။

ကိုကိုနဲ့ဆိုဖီယာက စကားပြောရင်းပွဲကျနေတာမို့
ရိပေါ်ကိုကို့ကိုမခေါ်ခဲ့တော့ပေ ။

❆ ယွီပင် ငါရီယန်နိုင်ငံရဲ့အိမ်ရှေ့စံဟောင်း(ဆိုဖီယာ့အကိုတော်)ဘာဖြစ်သွားလဲဆိုတာသိချင်တယ်❆

ရိပေါ်ဆီကညွှန်ကြားချက်ကိုရတော့ ယွီပင်ကချက်ချင်းထွက်သွားသည် ။

ရိပေါ်ကိုကို့ကို ဆိုဖီယာနဲ့အကြာကြီးလွှတ်ထားလို့မဖြစ်တာမို့ ဆိုဖီယာအခန်းကိုပြန်လာခဲ့လိုက်သည် ။

ဟိုရောက်တော့ ဆိုဖီယာက အိပ်ယာပေါ်မှာတစောင်းအနေအထားနဲ့လှဲနေပြီး ကိုကိုက အိပ်ယာဘေးမှာထိုင်ကာ ပင်လယ်ထဲကသတ္တဝါတွေအကြောင်းကိုအာပေါင်အာရင်းသန်သန်ရှင်းပြနေလေသည် ။

ရိပေါ်အထဲဝင်သွားပီးသေချာကြည့်လိုက်တော့
ဆိုဖီယာကအိပ်ပျော်နေခြင်းပင် ။

ထို့ကြောင့် ဆိုဖီယာနိုးမလာစေရန်
ကိုကို့ကို တိတ်တိတ်လေးခေါ်လာလိုက်စဥ်
တစုံတခုကိုခလုတ်တိုက်မိသွားသည် ။

အီစလန်ဝေပြီးပစ်လဲသွားနိုင်တဲ့အထိကိုဖြစ်သွားေစတဲ့ထိုတစ်ခုခုကဘာများပါ့လိမ့်...???

ရိပေါ်ငုံ့ကြည့်လိုက်တော့ သုံးလက်မထက်
မနည်းတဲ့ဒေါက်ဖိနပ်ကြီး...

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now