🐚🎈 MB - XZ 🎈🐚 U&Z

1.5K 170 9
                                    

🎈 My Balloon 🎈

🐳 Episode - 16 🐳

❆ မင်းသမီး သိက္ခာထိန်းပါ ! ❆

ယွီပင်းက သတိ​ပေးစကားဆို​တော့
မင်းသမီးရဲ့အကြည့်​စူးစူးက ယွီပင်းထံသို့ ။

❆ မီကို (​ကော်​ဖီမစ်​မဟုတ်​) ❆

သူမက​ခေါ်​တော့ သူမ​နောက်​ကအ​ခြွေရံ​တွေထဲက
မိန်းမပျိုတစ်​ဦးထွက်​လာ​လေသည်​ ။

ကျိရန်​နှင့်​အတူ ရိ​ပေါ် , ယွီပင်​နဲ့ အခြားအ​ခြွေအရံအချို့
အံ့သြထိတ်​လန့်​ကုန်​ကျသည်

ယူရီကို!!

ကျိရန်​အံ့သြလွန်းလို့ နှုတ်​ခမ်း​တွေပင်
ပွင့်​ဟကုန်​ရသည်​ ။

ကျိရန်​ရဲ့အ​ခေါ်အ​ဝေါ် ယူရီကို ဆိုတဲ့နာမည်​​ကြောင့်
ရိ​ပေါ်မျက်​လုံးအစုံပြူးကျယ်​သွားရသည်​ ...။

ယူရီကို...ဒါက..ဒါဆို...

မဟုတ်​မှ ကိုယ်​ရံ​တော်​ချုပ်​စုန့်​ရဲ့...
ပျောက်​ဆုံးသွားတဲ့သတို့သမီး​လောင်းလား .... ။

🐳🐳🐳🐳🐳🐳🐳🐳🐳🐳🐳🐳🐳🐳🐳

ခမ်းနားလှတဲ့ညစာဝိုင်းကြီးမှာ
လူတိုင်းကအ​တွေးကိုယ်​စီနဲ့တိတ်​ဆိတ်​​နေကြလျက်​...။

ရိ​ပေါ်အ​တွေး​​တွေများ​နေ​ပေမဲ့
သူ့​ဘေးမှာထိုင်​​နေတဲ့ ချစ်​ရတဲ့ကိုကို့ကို
ဂရုစိုက်​​ပေးဖို့ကိုလည်းမ​မေ့​ပေ ။

ကိုကိုနဲ့​ဟောက်​ရွှမ်​အတွက်​ မယ်​​တော်​က
စား​တော်​ကဲကို အရွက်​သုပ်​လုပ်​ခိုင်းထားမို့
အမျိုးစုံလှ​သောအရွက်​​​တွေကို သုပ်​ထားသည်​ကတမျိုး
စွတ်​ပြုတ်​လုပ်​ထားသည်​ကတဖုံ စုံလင်​​နေ​လေသည်​။

အိပ်​ချင်​မူးတူးဖြစ်​​နေဆဲကိုကိုက
သူ့ပန်းကန်​ထဲကို အရွက်​က​လေး​တွေထည့်​​ပေး​တော့
ပြုံးပြ​လေသည်​ ။

သူထည့်​​ပေးသည်​များကိုအားရပါးရစား​နေတဲ့ကိုကိုက
တိတ်​ဆိတ်​​နေတဲ့အ​ခြေအ​နေကိုသတိထားမိဟန်​မတူ။

ဘုရင်​မကြီးက​တော့ အကဲပို​နေတဲ့သား​တော်​ကိုကြည့်​ပြီး ပြုံးရုံသာပြုံး​နေ​လေသည်​ ။

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now