🐚🎈 MB - XZ 🎈🐚 U&Z

3K 350 15
                                    

🎈 My Balloon 🎈

🐳 Episode - 7 🐳

ရိ​ပေါ်နဲ့ယွီပင်​ ​ရှောင်​ကျန့်​ဆီကို​ပြေးသွားလိုက်​​ပေမဲ့
ရှောင်​ကျန့်​က​တော့ ​ရေသူအသွင်​ကို​ပြောင်းလဲပြီး
နေပြီဖြစ်​သည်​....

ရိ​ပေါ်ရဲ့မိခင်​ ဘုရင်​မကြီးဟာဆိုရင်
ရှောင်​ကျန့်​ရဲ့လှပတဲ့အမြှီးရှည်​ကြီးကို
အကဲခတ်​​နေ​လေသည်​....

ရှောင်​ကျန့်​က သူ့ကို​ရေနဲ့​လောင်းလိုက်​တဲ့
မိန်းမကြီးကို​ဒေါသတကြီးကြည့်​လိုက်​မိ​သည်​....

သို့​သော်​ အသက်​ကိုပြင်းပြင်းရှူလိုက်​ပြီး
ဒေါသကို​လျော့ချလိုက်​သည်​....

ပင်​လယ်​နတ်​သမီးက သူ့ကို
ဒေါသမကြီးဖို့မှာထားသည်​မလား....

❆ ကိုကို ရ ရဲ့လား....❆

ကောင်​​လေးက ​ပြေးလာပြီး
သူ့အ​ပေါ်ကို အစအကြီးကြီးလွှားခြုံ​ပေးပြီး
သူ့ကို​ပွေ့ချီလိုက်​တာမို့ ​ရှောင်​ကျန့်​ လန့်​သွားပြီး
ကောင်​​လေးရဲ့လည်​ပင်းကို သိုင်းဖက်​လိုက်​မိသည်

❆ မယ်​​တော်​... ဒီတစ်​ခါ​တော့ သား​တော်
မယ်​​တော့်​ကို တကယ်​စိတ်​ဆိုးသွားပြီ....❆

ရှောင်​ကျန့်​ ခန္ဓာကိုယ်​​ပေါ်က​ရေ​တွေက
အဝတ်​စရဲ့စုပ်​ယူခြင်းကိုခံလိုက်​ရတာမို့
ရေ​ခြောက်​သွားပြီး သွယ်​လျတဲ့​ခြေ​ထောက်​က​လေး​တွေ
ပြန်​​ပေါ်လာသည်​....

ရိ​ပေါ် မယ်​​တော်​ သူ့ကိုကြည့်​​နေတာကိုသိ​ပေမဲ့
သူဂရုမစိုက်​မိ....

ခုနက သူထုတ်​​ပေးထားတဲ့ အင်္ကျီကို
ကိုကို့ကို ဝတ်​​ပေးဖို့ အားထုတ်​​နေမိသည်​...

မိန်းမပျို​တွေဝတ်​တဲ့ဂါဝန်​ရှည်​နဲ့
တော်​​နေတာလည်း မ​ပြောနဲ့
ကိုကို့ရဲ့ခန္ဓာကိုယ်​​လေးက တကယ့်​ကို
သေး​သေး​လေး...

ရိ​ပေါ်ရဲ့​အောက်​ခံအကျင်္ီအဖြူ​လေးကို
ဝတ်​​​ပေးလိုက်​တဲ့​နောက်​ အင်္ကျီက
ကိုကိုနဲ့တအားကြီး​နေတာမို့ ဂါဝန်​ဝတ်​ထားတာနဲ့သာ
တူ​နေပြန်​သည်

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now