🐚🎈 MB - XZ 🎈🐚 U&Z

3.3K 370 10
                                    

🎈 My Balloon 🎈

🐳 Episode - 4 🐳

ရိ​ပေါ်...​နောက်​တစ်​ခါထပ်​​တွေ့ရပါ့မလား မ​သေချာတဲ့ ​ရေသူ​လေးကို လွမ်း​မော​နေမိပြန်​ပြီ...

လွန်​ခဲ့တဲ့ ၁၀ နှစ်​က အဲ့ဒီ​နေ့တုန်းက...

မယ်​​တော်​ က အဲ့ကိစ္စကိုထပ်​မ​ပြောဖို့ သူ့ကို
အမိန့်​​ပေးခဲ့တယ်​ ...

သူ့​တွေ့ခဲ့တဲ့​ရေသူထီး​လေးအ​ကြောင်းကို​ပေါ့...

သူအရမ်းစိတ်​ညစ်​သွားတယ်​ ပြီး​တော့
စဉ်းလည်းမစဉ်းစားတတ်​​တော့ဘူး....

သူငယ်​ငယ်​​လေးထဲက မယ်​​တော်​က
ရေ​သူ​တွေအ​ကြောင်းကို အမြဲပုံပြင်​လို​ပြောပြ​နေခဲ့ပြီး
အမြဲတမ်းလည်း သူ့ကိုယုံကြည်​​စေချင်​ခဲ့တာမလား

သူယုံခဲ့ပြီ​လေ...အဲ့​နေတုန်းက...

ဒါကိုမယ်​​တော်​က ဘာလို့​မေ့ခိုင်းတယ်​ဆိုတာ
သူမသိ​တော့ဘူး...

အ​စေခံ​တွေကစ ရိ​ပေါ်ကို အဲ့ကိစ္စနဲ့ပတ်​သတ်​ပြီး
အရူးလိုသတ်​မှတ်​ထားကြ​ပေမဲ့ သူဂရုမစိုက်​...။

စိတ်​လည်းမဝင်​စား...ပြီး​တော့ ယွီပင်​ ရှာလာ​ပေးတဲ့
မျက်​ရည်​ပုလဲ​လေးကလည်း အခု သူ့
လည်​ပင်း​ပေါ်မှာမလား...

ယွီပင်​ကသူ့ကို မယုံ​ပေမဲ့ သူ့အမိန့်​အတိုင်း
ကမ်းစပ်​ကိုသွားရှာခဲ့​တော့ တကယ်​ပဲ ပုလဲလုံး​လေး
တစ်​လုံးကို​တွေ့ခဲ့တယ်​မလား

ပုလဲလုံး​လေးက အဖြူ​ရောင်​မဟုတ်​ပဲ
အမြဲလိုလိုအ​ရောင်​​ပြောင်း​နေခဲ့တာ...

တစ်​ခါတစ်​​လေ သူ့စိတ်​အ​ခြေအ​နေကိုလိုက်​ပြီး
အ​ရောင်​​ပြောင်းလဲတတ်​သလို တစ်​ခါတစ်​​လေကျလည်း သူ့အ​ပေါ်ကျ​ရောက်​မဲ့အန္တာရာယ်​​တွေကို
သတိ​ပေးတတ်​သည်​...

❆ မင်းသား​လေး...ပွဲ​တော်​ချိန်​ကျ​ရောက်​လာပါပြီ❆

ယွီပင်​က နန်း​တော်​ရဲ့ ​လေညှင်း​ဆောင်​မှာ
ရပ်​ပြီး ပင်​လယ်​ပြင်​ကြီးကို​ငေး​နေတဲ့ရိ​ပေါ်ရဲ့
နား နား​လေးကိုကပ်​ပြီး ခပ်​တိုးတိုး​လျှောက်​တင်​လာသည်​...

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now