🐚🎈 MB - XZ 🎈🐚 U&Z

1.2K 175 19
                                    

Unicode ver ~~

🎈 My Balloon 🎈

🐳 Episode - 17 🐳

ကျိရန် ဟောက်ရွှမ်ကိုစကားပြောဖို့စလိုက်စဥ်
ယူရီကိုရဲ့ မောင် ဆိုတဲ့ခေါ်သံကြောင့် သူမဘက်ကို
လှည့်ကြည့်လိုက်မိသည် ။

" ဒုန်း! "

ဘုရင်မကြီးက စားပွဲကိုလက်နဲ့ထုလိုက်တာမို့
အလိုလိုမှတိတ်ဆိတ်နေတဲ့ ညစာဝိုင်းက
ပိုမိုတိတ်ဆိတ်သွားလေသည် ။

" အတင့်ရဲလိုက်တာ
ဘယ်သူ့ကို မောင် လို့ခေါ်တာလဲ
ဒါကဒီတိုင်းပြည်တစ်ခုလုံးရဲ့ကိုယ်ရံတော်ချုပ်
မင်းလို့အပျိုရံတစ်ယောက်ရဲ့ပါးစပ်က
ဖြစ်သလိုခေါ်ရလောက်တဲ့ အဆင့်အတန်းမဟုတ်ဘူး"

ဘုရင်မကြီးရဲ့စကားကြောင့် ယူရီကိုက
နောက်ကိုဆုတ်သွားပြီး ခေါင်းငုံ့ထားလေသည် ။

" တောင်းပန်ပါတယ် ဘုရင်မကြီး
ကျွန်မရဲ့ဆုံးမမှုညံ့ဖျင်းသွားတာကြောင့်ပါ"

မင်းသမီးက ကိုယ်စားတောင်းပန်ပေးပြီးတော့မှ
ယူရီကို ကို တချက်လှည့်ကြည့်ပြီး ခန်းဆောင်အပြင်ဘက်ထွက်ရန်မျက်ရိပ်ပြလေသည် ။

ထို့နောက် မင်းသမီးက သူမလုပ်လက်စကိုဆက်လုပ်လေသည် ။

သူမဘာလုပ်တာလဲဆိုတော့
သူမရဲ့ခင်ပွန်းလောင်း အိမ်ရှေ့စံဝမ်ရိပေါ်ရဲ့ဘေးက
ဖြူဖြူဖွေးဖွေးဖက်ထုပ်လေးကိုငမ်းနေခြင်းပင် ။

မင်းသမီးရဲ့နာမည်က ဆိုဖီယာ ။

ဆိုဖီယာကငယ်ငယ်ထဲက တစ်ဦးတည်းသောအကိုဖြစ်သူကိုဆုံးရှုံးထားရတာမို့ သွေးအေးရက်စက်တတ်တဲ့ မိန်းမပျိုတစ်ယောက်ဖြစ်လာခဲ့သည် ။

သူမရဲ့တိုင်းပြည် သူမရဲ့ပြည်သူတွေအတွက်နဲ့
သူမ အကိုတော်ရဲ့အသက်အတွက် သူမလုပ်သင့်တာကိုလုပ်ရမယ် ။

ဒါပေမဲ့ ခဏလောက်အဲ့ကိစ္စတွေကိုမေ့ထားပါရစေ

ဆိုဖီယာ ဖက်ထုပ်လေးကိုငေးနေရင်းနဲ့
ဖက်ထုပ်လေးရဲ့နှုတ်ခမ်းကမှဲ့လေးကိုသတိထားမိသည် ။

တစ်နေရာရာမှာဆုံဖူးသလားဖက်ထုပ်လေး ။

.......

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now