🐚🎈 MB - XZ 🎈🐚 U&Z

2.7K 322 9
                                    

🎈 My Balloon 🎈

🐳 Episode - 12 🐳

ရိ​ပေါ် ​စောင်​ထဲကပုလဲလုံး​တွေ
ခါချပစ်​လိုက်​ပြီး ကိုကို့နားကပ်​ထိုင်​လိုက်​သည်​....

❆ ကိုကို ဘာဖြစ်​တာလဲ ကျ​နော့်​ကို​ပြော ❆

ရိ​ပေါ်ကုတင်​ရဲ့​ခေါင်းရင်းကို​ကျောမှီလိုက်​ပြီး
ကိုကိုရဲ့​ခေါင်း​လေးကိုမိမိရင်​ဘတ်​​ပေါ်သို့
မှီနွဲ့​စေလိုက်ပြီး ကိုကို့ပုခုံး​လေးကိုဖက်​လိုက်​သည်

အံ့သြ​နေကြတယ်​မလား...ကိုကိုဘာလို့
မရုန်းလဲဆိုတာကို...သိချင်​​ပြောပြမယ်​...

ညမိုးချုပ်​စအချိန်​ >>>

ရှောင်​ကျန့်​က ကုတင်​​ပေါ်မှာရှိုက်​​နေရင်းနဲ့
ငြိမ်​ငြိမ်​​လေးထိုင်​​နေ​လေသည်....

ဒူး​လေးနှစ်​ဖက်​ကိုပိုက်​ထားတာမို့
ရှောင့်​ကျန့်​ရဲ့ကိုယ်​​သေး​သေး​လေးက
တကယ့်​ကို​သေး​သေး​လေးဖြစ်​သွားသည်​....

ရိ​ပေါ်ကိုလည်းအနားအလာမခံ....

ထို့​ကြောင့်​ရိ​ပေါ်က ဆိုဖာ​ပေါ်က​နေသာ
ရှောင်​ကျန့်​ကိုကြည့်​​နေရ​လေသည်​ ....

ထိုစဉ်​ သူ့အခန်းရဲ့ပြတင်း​ပေါက်​က​နေဝင်​လာတဲ့
ဖြူ ဖြူ အရာတစ်​ခု....

ထိုဟာက​တော့ ရိ​ပေါ်​မွေးထားတဲ့​ကြောင်​​လေး
မိန်​မိန်​ ဖြစ်​သည်​.....

မိန်​မိန်​ဟာ ​နေကုန်​​နေကမ်း​လျှောက်​သွားလာတာမို့
အ​ညောင်း​ဖြေအိပ်​စက်​ရန်​ သူ့​နေရာဖြစ်​တဲ့
ရိ​ပေါ်ကုတင်​ရဲ့​ခြေရင်းစွန်းဆီကိုသွား​လေသည်​....

သို့​သော်​ မိန်​မိန်​ဟာ ကုတင်​​ခြေရင်းဆီမ​ရောက်​ခင်
ကုတင်​အလယ်​မှာကျုံ့ကျုံ့​လေးထိုင်​​နေတဲ့
ရှောင်​ကျန့်​ကို​တွေ့သွား​လေသည်​....

မိန်​မိန်​ဟာ အသိဥာဏ်​မြင့်​တဲ့​ကြောင်​အမျိုးအစားမို့
အိပ်ယာ​ပေါ်ကိုသူစိမ်းတက်​တာမကြိုက်​တဲ့
သခင့်​​အ​ကြောင်းကိုသိ​နေ​လေသည်​....

သူ​တောင်​မှပဲတခါကန်​ချခံခဲ့ရ​သေးသည်​မလား....

ဒါ​ပေမဲ့ ဒီ​အရာ​လေးကဘာ​လေးလဲ....

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now