🐚🎈 MB - XZ 🎈🐚

4.5K 414 8
                                    

🎈 My Balloon 🎈

🐳 Episode - 2 🐳

ရှောင်​ကျန့်​ရဲ့အမြှီး​လေးဟာ နာရီနဲ့ချီ​အောင်
လှုပ်​ရှားကူးခတ်​လာရတာမို့ အ​တော်​​လေးကို
ငြောင်းညာ​နာကျင်​​နေရ​ပေမဲ့ သူဆက်​ပြီး
ကူးခတ်​​နေမိသည်​...

ဒီက​လေး​လေးကုန်း​ပေါ်ပြန်​​ရောက်​မှဖြစ်​မယ်​...

က​လေးငယ်​​လေးက​တော့ သူလုပ်​​ပေးထားတဲ့
လေလုံး​လေးထဲက​နေသူ့ကို​ငေး​နေ​လေသည်

ရှောင်​ကျန့်​က ​ရေသူတို့တတ်​အပ်​တာ​တွေကို
မသင်​ကြားထားရတာမို့ ​လေလုံးကို
အကြာကြီးခံ​အောင်​လည်းသူမလုပ်​တတ်​​ပေ...

ဒါ့အပြင်​ ​ရေ​အောက်​ကမ္ဘာထဲက ကိစ္စ​ရပ်​​တွေမှန်
သမျှကိုလည်းသူမသိ​ပေ..

တကယ်​ဆို ဝတ်​​ကောင်း​စားလှ​နဲ့ဒီ
လူသားက​လေးက​အဏ္ဏဝါဘုရင်​ရဲ့သား​တော်​မှန်း ​ရေ​အောက်​ထဲမှာရှိတဲ့
ရေသူတိုင်းသိကြ​ပေမဲ့ ​ရှောင်​ကျန့်​မသိ​ပေ...

.............

နေလုံးဝကုန်​ပြီး​ကောင်းကင်​ကြီး
မဲ​မှောင်​သွားချိန်​မှာ​တော့ ​ရှောင်​ကျန့်
ကုန်း​မြေရှိရာကို​ရောက်​ရှိလာပြီဖြစ်​သည်​...

သူက​လေး​လေးကို ကမ်းစပ်​ထိတင်​​ပေးလိုက်​​တော့
က​လေး​လေးက သူ့ကိုကုန်း​ပေါ်တက်​လာရန်
ခေါ်​လေသည်​...

သူ​ခေါင်းယမ်းပြလိုက်​ပြီးက​လေး​လေးကို
နှုတ်​ဆက်​လက်​ပြလိုက်​​တော့ က​လေး​လေးက
ရေထဲပြန်​ဆင်းလာပြီးသူ့ကိုအတင်းဖက်​ထား​လေသည်​...

❆ ကိုကိုမသွားပါနဲ့ ❆

❆ ဘာလို့လဲ က​လေး​လေးရဲ့...
ကိုကိုကကုန်း​ပေါ်တက်​လို့မရဘူး​လေ...
ကိုကို​သေသွားမှာ​ပေါ့ ❆

ရှောင်​ကျန့်​သူ့အမြှီး​လေးကို ​ရေ​ပေါ်​ဖော်​ပြရင်း
ပြောလိုက်​သည်​...

❆ အဲ့တာဆို ​ရေကန်​အကြီးကြီး
ဆောက်​​ပေးမယ်​​လေ ❆

❆ က​လေး​လေးရယ်​ ကိုကိုက
ပင်​လယ်​နဲ့ပဲသက်​ဆိုင်​တာ​လေ...❆

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now