🐚🎈 MB - XZ 🎈🐚 U&Z
2.8K 360 6
🎈 My Balloon 🎈
🐳 Episode - 10 🐳
အကုန်​လုံးကိုနှုတ်​ဆက်​ပြီး ကုန်း​ပေါ်ကိုတက်​ရန်
ပြင်​ဆင်​​နေ​လေသည်
ရှောင်​ကျန့်​က​ဟောက်​ရွှမ်​ကိုစိတ်​မချတာ​ကြောင့်​​ရော
သူ့ရဲ့စူးစမ်းချင်​စိတ်​​ကြောင့်​ပါ ​ဟောက်​ရွှမ်​နဲ့အတူ
ကုန်း​မြေ​ပေါ်ကိုလိုက်​သွားဖို့ ကြံရွယ်​ထားမိသည်​....
❆ ​ရှောင်​ကျန့်​​လေး...❆
များစွာ​သောနိုင်​ယန်​​တွေက ​ဟောက်​ရွှမ်​ကို
လာ​ရောက်​နှုတ်​ဆက်​​နေကြတာမို့
စည်​ကားဆူညံ​နေကြ​ပေမဲ့ ထိုချိုသာတဲ့အသံ​လေး​ကြောင့်
အကုန်​လုံးတိတ်​ဆိတ်​သွားကြသည်​....
ငွေမှင်​​ရောင်​ဝတ်​ရုံပါးပါးနဲ့လှပ​နေတဲ့
ပင်​လယ်​များရဲ့နတ်​သမီး...
❆ ကျဲကျဲ...❆ ​ရှောင်​ကျန့်​ကပင်​လယ်​နတ်​သမီးရဲ့
ရင်​ခွင်​ထဲကိုတိုးပြီးဖတ်​ထား​လေသည်
❆ ကျဲရဲ့က​လေး​လေး​တောင်​အရွယ်​​ရောက်​ပီပဲ...
ကြည့်​ပါဦး လှလိုက်​တာ ကျဲရဲ့က​လေး​လေးက...❆
❆ ပင်​လယ်​နတ်​သမီး ❆
ကျိုးချန်​က ဦးညွှတ်​အရိုအ​သေ​ပေး​လေ​တော့
ပင်​လယ်နတ်​သမီးကပြုံးပြ​လေးသည်​....
❆ ဝမ်​ကျိုးချန်​ ဗိုက်​ထဲကအဆင်​​ပြေရဲ့လား ❆
❆ နတ်​ နတ်​သမီး...❆
ရှောင်​ကျန့်စကား​တွေထစ်​ပြီး မျက်​နှာ​တွေပါ
ရဲတက်​လာ​နေတဲ့ ကျိုးချန်​​ကောကိုကြည့်​ပြီိး
အံ့သြ​နေမိသည်​...
❆ ​ရှောင်​ကျန့်​​လေး ဒီကိုကြည့်​ ❆
ပင်​လယ်​နတ်​သမီးက 
ဆေးလုံး​လေးတစ်​လုံးကိုထုတ်​ပြ​လေသည်
❆ ဒီ​ဆေးလုံး​လေးက အကျန့်​​လေးကုန်း​ပေါ်တက်​တဲ့အခါ
လူသား​တွေလိုမျိုး​ခြေ​ထောက်​​တွေရ​အောင်​လုပ်​​ပေးပြီး
ရေနဲ့ထိတဲ့အခါ ​အကျန့်​​လေးရဲ့အမြှီး​လေးပြန်​ရ​အောင်
လုပ်​​ပေးလိမ့်​မယ်​...​ရော့ ​သောက်​လိုက်​ ❆
🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now