🐚🎈 MB - XZ 🎈🐚 U&Z

3.1K 368 14
                                    

🎈 My Balloon 🎈

🐳 Episode - 5 🐳

ရိ​ပေါ် မယ်​​တော့်​ရဲ့​ခေါ်သံ​တွေကိုလစ်​လျူ ရှုပြီး
နန်း​တော်​ဆီကိုပြန်​လာခဲ့လိုက်​သည်​....

နန်း​တော်​​ရောက်​​တော့
အိပ်​ခန်းထဲကိုတန်းဝင်​ခဲ့လိုက်​သည်....

❆ ယွီပင်​ တံခါးမှာ​စောင့်​​နေ မယ်​​တော်​ဆိုရင်​​တောင်
ပေးမဝင်​နဲ့ ကြားလား ❆

ယွီပင်​က​ခေါင်း​ငြိမ့်​နာခံပြီး အခန်းအပြင်​ကို
ထွက်​ကာ တံခါး​ရှေ့တွင်​ သတိအ​နေအထားနှင့်
ရပ်​​နေ​လေသည်​....

ရိ​ပေါ်ရင်​ခွင်​ထဲက ​ကောင်​မ​လေးကို ကုတင်​​ပေါ်ကို
ချ​ပေးလိုက်​​တော့ ကုတင်​တစ်​ဖက်​အစွန်းဆီကို
ဆုတ်​သွားတဲ့​ကောင်​မ​လေး....

ကျွတ်​ကလည်းထိုး​နေဆဲပင်​...ကျွတ်​ထိုးလိုက်​တိုင်းလည်း ပါးစပ်​ထဲက​နေ ပူ​ဖောင်း​လေး​တွေ ထွက်​လာ​နေတာမို့ သူ့ပါးစပ်​က​လေးသူ လက်​နဲ့အုပ်​ထား​လေသည်​....

ရိ​ပေါ် ​ကောင်​မ​လေးကို​စိုက်ြ​ကည့်​​နေမိသည်​....

သေ​သေချာချာ ဝတ်​ဆင်​ထားခြင်းမရှိတဲ့
ဂါဝန်​ရှည်​ကြီးက ဖရိုဖရဲ...

ထို​အပြင်​ ပုခုံးစွန်း​တွေ​ပေါ်မှာ ​လျော့ကျ​နေတဲ့
ဂါဝန်​ကကြိုး​တွေ....

ပုခုံးသား​ဖွေး​ဖွေး​လေး​တွေ....လည်​တိုင်​​ကျော့​ကျော့​လေးနဲ့..Adam's apple​လေးနဲ့....

ရိ​ပေါ်ပြုံးပြီး​ခေါင်းခါလိုက်​သည်​....

သူ့လည်​ပင်းက ပုလဲလုံး​လေးကလည်း
အစွမ်းကုန်​​တောင်​ပ​နေတာမို့ သူချွတ်​ပြီး
ကောင်​မ​လေး...မဟုတ်​ဘူး ​ကောင်​​လေးဆီကို
ပစ်​​ပေးလိုက်​သည်​....

❆ အဲ့တာဘာလဲသိလား....❆

မေးရင်းနဲ့ ဗီရိုထဲက​နေ အဝတ်​တချို့ကိုရှာ​နေမိသည်

❆ မျက်​...မျက်​ရည်​ အစ်​...ပုလဲလား...အစ်​...❆

ကောင်​​လေးရဲ့အထစ်​ထစ်​အ​ငေါ့​ငေါ့​ဖြေသံနဲ့အတူ
ကျွတ်​ထိုးသံ​လေးများကိုပါကြားလိုက်​ရသည်​....

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now