🐚🎈 MB - XZ 🎈🐚 U&Z

3.8K 382 15
                                    

🎈 My Balloon 🎈

🐳 Episode - 3 🐳

ဘုရင်​မကြီးနဲ့ ပင်​လယ်​ပြင်​ခရီးကိုလိုက်​သွားတဲ့
အိမ်​​ရှေ့စံကို ရဲမက်​တစ်​ချို့က ကင်းလှည့်​ရင်း နဲ့
ကမ်းစပ်မှာပြန်​​တွေ့လာကြတာမို့ နန်း​တော်
တစ်​ခုလုံးအံ့သြ​နေကြ​လေသည်​....

ဟိုး...ပင်​လယ်​ထဲက​နေ ဒီကမ်း​ခြေကို
ဘယ်​လိုဘယ်​ပုံပြန်​​ရောက်​လာတယ်​ဆိုတာ
ဘယ်​သူမှစဉ်းစားလို့မရကြ...

ပြန်​​ခေါ်လာထဲက ​ရေစိုအဝတ်​အတိုင်း ထိုင်​​နေတဲ့
အိမ်​​ရှေ့စံကဘယ်​သူ့​ပြောစကားမှ နားမဝင်​....

အတင်းအကျပ်​အဝတ်​လဲ​ပေးဖို့လုပ်​​တော့လည်း
သူ့အသားကိုထိရဲတဲ့သူထိဆိုပြီး ဓားကြီးကိုင်​ထား​သေးရဲ့...

ကိုယ့်​အသက်​ကိုယ်​နှ​မြောကြတဲ့ မင်းမှုထမ်း​တွေကလည်း...ဘာတခွန်းမှဆက်​မ​ပြောကြ...

အေ့​လေ အ​အေးပတ်​ပြီး​သေရင်​ မင်းသား​သေမှာ
သူတို့မှမဟုတ်​တာ...

မင်းသား​လေး နန်း​တော်​ပြန်​​ရောက်​​နေ​ကြောင်းကိုလည်း
ဘုရင်​မကြီးဆီစာပို့ထားပြီးပြီဖြစ်​သည်​...

" ယွီပင်​ ! "

မင်းသားရဲ့​ခေါ်သံ​ကြောင့်
ကိုယ်​ရံ​တော်​ယွီပင်​ ​ခေါင်း​ထောင်​သွားသည်

" ငါ့ကိုယ်​​တော့်​ကိုရှာ​တွေ့ခဲ့တဲ့ ကမ်းစပ်​ကို
ပြန်​သွား....ပုလဲလုံးတစ်​လုံးကို​တွေ့​အောင်​ရှာခဲ့..."

" ဟုတ်​ကဲ့ပါ အိမ်​​ရှေ့စံ "

ကမ်းစပ်​မှာ ပုလဲလုံးရှာခိုင်းတာဟာ မဖြစ်​နိုင်​တာကြီးမို့
အမှုထမ်း​တွေက စတင်​ကဲ့ရဲ့ကြ​လေသည်​...

မင်းသား​ခေါင်းများထိသွား​လေသလား​ပေါ့...

" အိမ်​​ရှေ့စံ...!! "

အလျင်​စလိုဝင်​လာတဲ့ဘုရင်​မကြီး...

မြန်​လိုက်​တာပြန်​​ရောက်​လာတာက ကြည့်​ရတာ
အထူးတပ်​သား​တွေနဲ့ ​လှေငယ်​ကို​လှော်​ခတ်​ပြီး
ပြန်​လာတာဖြစ်​မယ်​....

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now