🐚🎈 MB - XZ 🎈🐚 U&Z

1.2K 160 5
                                    

Unicode ver ~~

🎈 My Balloon 🎈

🐳 Episode - 18 🐳

ဆိုဖီယာ တစ်ညနေနဲ့တစ်ညကုန်တဲ့အချိန်မှာ
သိလိုက်ရတာက ဖက်ထုပ်ဖြူလေးနာမည်က
ရှောင်ကျန့်ဆိုတာရယ် ဖက်ထုပ်ဖြူလေးက
သူ့ရဲ့အနာဂါတ်ခင်ပွန်းလောင်းရဲ့
ကြင်ယာလောင်းဆိုတာရယ်...။

အို...ဆိုဖီယာ..ဆိုဖီယာ...
နင်ဟာစလာလာချင်းကိုရှတော့တာပါလား...

သူမခေါင်းခါရင်းရယ်လိုက်မိသည် ... ။

ဘာပဲဖြစ်ဖြစ် လင့်ပစ္စည်းမယားပိုင်တယ်ဆိုတော့
မင်းသားနဲ့ယူပြီးသွားရင် သူလည်းဖက်ထုပ်ဖြူလေးနဲ့နည်းနည်းတော့ဆိုင်လာမယ်ထင်ပါတယ် ... ။

ဆိုဖီယာက သူ့အတွေးလေးနဲ့သူ
ရယ်မောသဘောကျနေ၏ ...

စားသောက်လို့လည်းပြီးပြီမို့ သူမအတွက်ပေးထားတဲ့ ခန်းဆောင်ထဲကိုဝင်လာခဲ့တော့ တန်းနေအောင်
မြင်လိုက်ရတဲ့ပင်လယ်ကြီး .... ။

အား...!

ဆိုဖီယာ အသည်းအသန်အော်ပြီး
ထိုင်ချလိုက်မိသည် ။

နားနှစ်ဖက်ကိုလက်နဲ့အုပ်ထားရင်း မျက်နှာကို
ဒူးပေါ်အပ်ထားလျက်နဲ့ဆိုဖီယာ့ပုံစံက
အလွန်အမင်းကြောက်လန့်နေပုံပင် ။

~~~~

ရိပေါ် ထမင်းစားခန်းမှာ
မင်းသမီးကိုအနိုင်ပိုင်းလာရတာမို့
မြောက်ကြွမြောက်ကြွနဲ့ အိပ်ခန်းရှိရာကို
ပြန်လာခဲ့သည် ။

ကိုကို့လက်ကိုတွဲထားဖို့ကိုလည်း မမေ့လျော့ခဲ့ ။

ထိုမင်းသမီးကိုကြည့်ရတာ
ကိုကို့ကိုစိတ်ဝင်စားပုံပဲ....

သူမရှေ့မှာကိုကို့ကို ပိုင်ဆိုင်ကြောင်းပြရတာကို
ရိပေါ်တကယ်ပျော်တယ်....

ခံစားချက်ကနည်းနည်းတော့ထူးဆန်းသား....

ရန်သူတစ်ယောက်လိုသဘောမထားနိုင်ဘဲ
တစ်စုံတစ်ယောက်ကိုစနောက်ပီးအရွဲ့တိုက်သလိုသာ ခံစားနေမိသည် ။

ဆိုဖီယာဆိုလား နာမည်က....

ဆိုဖီယာ စစလာချင်းပုံစံက အမြင်ကပ်ဖို့ကောင်းပေမဲ့ သူဆက်ပီးအမြင်မကပ်မိပေ....။

🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)Where stories live. Discover now