I

10.9K 761 39
                                    


အချစ်က Antalyaဆိုတဲ့
ပင်လယ်ကမ်းခြေမြို့လေးမှာ အစပြုခဲ့တယ်..။

Antalya in Turkey;

ဖိနပ်ထိပ်နဲ့မြေကြီးတွေကို ထိုးဆွရင်း
ရိပေါ် သူ့ရှေ့မှာရပ်နေတဲ့ အဒေါ်ကြီးကို
မကျေနပ်စွာ ကြည့်လိုက်တယ် ..

"မစ္စလီနာက တကယ်အကျင့်ပုပ်တယ်.!!
အကြွေးယူတုန်းက ဒီမျက်နှာမဟုတ်ပါဘူး..!"

လူတစ်ယောက်လုံးကို ရှေ့မှာထားပြီး
အကျင့်မကောင်းတဲ့အကြောင်းပြောနေတဲ့
ကောင်လေးက ဖြူဥဥမျက်နှာလေးနဲ့မှမလိုက်..
ပိုက်ဆံလေးတစ်ခါချေးမိပါတယ်..
တွေ့တိုင်း အကြွေးတောင်းနေတတ်လို့
ပတ်ပြေးနေကာမှ တည့်တည့်တိုးရတဲ့ သူမအဖြစ်က
သနားစရာ..
လက်ထဲမှာလည်း စာအုပ်တစ်အုပ်..
ကြည့်ရတာ အကြွေးစာရင်းနဲ့တူပါတယ်..

အမြင်ကတ်ချင်စရာကောင်းတဲ့ကောင်လေးက
စကားတတ်တဲ့နေရာမှာလဲ နှစ်ယောက်မရှိ
စိတ်ထဲရှိတဲ့အတိုင်း ထုတ်ပြောသည်..
ပွင့်လင်းလွန်းသည်ဟု ဆိုလေမလား..
သို့ပေမယ့် ထိုကောင်လေးက
အပန်းဖြေလာတဲ့ နိုင်ငံခြားသားတွေရဲ့အချစ်ခံလေး..
စူပုပ်ပုပ်မျက်နှာလေးကိုက ချစ်မွှေးပါနေတော့လည်း
အချစ်ခံရတာပေါ့..။

"မနက်ဖြန်လာပေးမယ် ဟုတ်ပြီလား.!"

"မယုံပါဘူး..အိမ်ကိုလာတောင်းမှာ !!"

သူမ ရှေ့ကနေ ဘောက်ဆတ်ဆတ်လျှောက်သွားတဲ့
ကောင်လေးကို ပင်လယ်ထဲမျှောပစ်ချင်လိုက်တာ..
နောက်ပြီး တစ်ခုကျန်သေးသည်.
ကမ်းခြေကလူတွေ ဝိုင်းခေါ်ကြတဲ့
ထိုကောင်လေးရဲ့နာမည်ပြောင်က..
'ကပ်စေးနှဲ တရုတ်ချစ်တီးပေါက်'ပါတဲ့ ရှင်..။

~~~

ပိုက်ဆံတွေကို တစ်ရွက်ပြီးတစ်ရွက်ရေတွက်နေရင်း
အနားစပြဲနေတဲ့ ပိုက်ဆံကြောင့် ရိပေါ်
နှာခေါင်းရှုံ့လိုက်၏..
တကယ်ပဲ ပြောစရာစကားကိုမရှိတော့ဘူး..
သူက ပိုက်ဆံဆို အသစ်ပဲကြိုက်တာလေ..အသစ်.
သိရဲ့သားနဲ့တမင်သက်သက်ပေးလိုက်တာ
သူ့ကို 'မစ္စတာပေါ်ပေါ်'လို့ခေါ်တတ်တဲ့
ဟိုကြက်ကြော်သည်ကြီးပဲ နေမှာပေါ့..

ကြက်ရုပ်ပေါက်ပါစေ.!!

"အင့်.!.သေပါပြီ."

သူ့ကိုတည့်တည့်ကြီးဝင်တိုက်လိုက်တဲ့
လူတစ်ယောက်ကြောင့် သဲပြင်ပေါ်ဖင်ထိုင်လဲသွားရသည်
စိတ်တိုတိုနဲ့မော့ကြည့်လိုက်စဉ်.
ဆိုးရွားတဲ့ အနံ့အသက်ကြီးကြောင့်
နှာခေါင်းကို လက်နဲ့ပိတ်ပြီး
အိတ်ထဲအဆင်သင့်ပါလာတဲ့ ရေမွှေးပုလင်းကို
တရှူးရှူးဖြန်းလိုက်သည်..

"ငါ့အရက်ပုလင်းပြန်ပေးစမ်း.!"

ရိပေါ်လက်ထဲက ရေမွှေးပုလင်းကိုလုနေ၍
အရက်သမားကြီးလားအရူးကြီးလားမသဲကွဲတဲ့
ထိုလူကို ခါးနားကနေ နှစ်ချက်လောက်ဆင့်ကန်လိုက်၏

"အနိုင်ကျင့်နေပါတယ်..အေ့."

ပီပီသသထွက်လာတဲ့ တရုတ်သံကြောင့်
ရိပေါ် ခဏငြိမ်လိုက်၏.
မျက်နှာကို သေချာကြည့်မိတော့
ဆံပင်နက်နက်တွေကဖွာလန်ကျဲနေသည့်အပြင်
မှုတ်ဆိတ်မွှေးကြီးတွေက ရွံစရာ..။
ပန်ဒါမျက်ကွင်းနဲ့ ထိုလူက
မသိရင် အရူးထောင်ကထွက်လာတဲ့ ပုံစံ..
အမွှေးတွေကြားကနေ မြင်လိုက်ရတဲ့
နှုတ်ခမ်းအောက်က မှဲ့နက်လေးကို
ဖွဖွထိကြည့်ပြီး ဆွဲစိတ်လိုက်သည်..
အစစ်လား အတုလား သိချင်လို့..!!

"ဆွဲစိတ်နေပါတယ်..အေ့..ကယ်ကြပါအုံး.အေ့.
အနိုင်ကျင့်နေလို့..!!"

"ပါးစပ်ပိတ်ထားနော် ဒီမှာကြည့်
six packsတွေ တွေ့လား.."

သဲပြင်ပေါ်မှာ လှဲနေတဲ့အရက်မူးသမားက
အကျႌလှန်ပြပြီး ခြိမ်းခြောက်နေတဲ့ ရိပေါ်ကို
ကြောက်လို့ထင်ပါရဲ့..
ုမျက်လုံးဝိုင်းဝိုင်းတွေနဲ့ စိုက်ကြည့်နေသည်..
အကြည့်ချင်းဆုံမိတဲ့အချိန် ထိုလူ့မျက်ဝန်းတွေက
သိပ်လှတယ်ဟု သူတွေးမိသည်..။

"ဟား.!! မူးနေတာတောင်ဘယ်ရောက်သွားလဲ
မသိဘူး..!"

စိတ်ပျက်လက်ပျက်နဲ့ ညည်းရင်း
ထိုလူက သူ့ကိုတစ်ချက်ကြည့်ပြီး ထထွက်သွားသည်..
ရိပေါ် အနေခက်သလိုဖြစ်သွားတာက
ထိုလူ့စကားကြောင့်ဖြစ်ပါလိမ့်မည်..
သူက နှောင့်ယှက်မိလိုက်သည်မလား..!!
မဟုတ်ပါဘူး..ထိုလူက
အရင်ဝင်တိုက်တာလေ.!! ဒါပေမယ့်..၊

ပြာလဲ့လဲ့ပင်လယ်ကြီးနဲ့အတူ
လေတိုက်တိုင်း လွှင့်သွားတဲ့ အညိုရောင်ကုတ်အကျႌ
အနားစလေး..
ရင်ဘတ်ထဲမှာ အသေးစားငလျင်လေးလှုပ်ခတ်တယ်
ဆိုတဲ့ အဓိပါ္ပယ်ကို အခုမှသိတော့တယ်..၊

ထွက်သွားတဲ့လူကို ငေးကြည့်ရင်း
သူ တိုးတိုးလေးရေရွတ်လိုက်တယ်..

'ဦး'လို့..

~~

#TBC


































Sana  aşığım [ Completed ]Where stories live. Discover now