II

5.4K 628 15
                                    


Antalyaမှာတိုက်ခတ်တဲ့ လေတွေက
အရှေ့ဘက်က လာတယ်လို့ပြောကြတယ်..၊
ဒါဆို ကျွန်တော့်ဆီကိုတိုက်ခတ်တဲ့ လေပြင်းတွေက
ဦးဆီက လာတာများလား..။

ညအိပ်မီးသီးရဲ့အလင်းရောင်အောက်မှာ
ရိပေါ်က တစ်စုံတစ်ခုကို စိတ်ဝင်တစားပြုလုပ်နေတယ်..
အရုပ်သေးသေးလေးတွေနဲ့ ပြည့်နေတဲ့အခန်းလေးက
ချစ်စရာကောင်းပေမယ့် သိပ်ကိုကျဉ်းလွန်းတယ်..
တစ်ယောက်အိပ်ကုတင်လေးရဲ့ဘေးမှာတော့
စာအုပ်ဆယ်အုပ်တောင်ဆန့်အောင်တင်လို့မရတဲ့
စားပွဲခုံသေးသေးလေး..၊

ပုံဆွဲမတော်တဲ့ရိပေါ်က အသည်းပုံလေးရဲ့
အောက်မှာ အစက်ကလေးချလို့ ကြည်ကြည်နူးနူး
ရယ်တယ်..
မိနစ်ပိုင်းအတွင်းမှာ ဒီအသည်းပုံလေးတစ်ခုကို
လှလှပပလေးဆွဲနိုင်ဖို့ ကြိုးစားခဲ့ရတာ..
သူဘာလို့ ဒီပုံကိုထိုင်ဆွဲနေလဲဆိုတာ
သူကိုယ်တိုင်မသိဘူး..!
စိတ်ပျော်နေလို့ ဖြစ်မယ်..၊
ဒီနေ့ ရိပေါ်နဲ့ရန်ဖြစ်နေကျ သူ့ကိုလိုက်မနာလိုနေတာဆို
ပိုမှန်မလား..၊
ခါအီရာဆိုတဲ့ ကောင်လေးကို ပထမဆုံးပြုံးပြဖြစ်တယ်.

အင်း သူဘာလို့အရမ်းတွေစိတ်ရွှင်နေရတာပါလိမ့်..!

သိတတ်စအရွယ်ကတည်းက ပေကျင်းမှာရှိတဲ့
မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့တဲ့ရိပေါ်က မိသားစုမရှိဘူး..
ဂေဟာတူသူငယ်ချင်းတွေနဲ့လည်း တည့်အောင်မပေါင်း
တတ်ဘူး.၊
နောက်တော့ တသီးတခြားနေလာရင်း
စာတော်တဲ့ရိပေါ်က
ချမ်းသာတဲ့လူတွေထောက်ပံ့ပေးတဲ့ ပညာသင်ဆုကို
ရသည်.၊
Turkeyကိုလာခဲ့တာ ကျောင်းတက်ဖို့အတွက်.
ဒါပေမယ့် သူAntalyaကိုရောက်လာခဲ့တယ်..
ပညာသင်ထောက်ပံ့ကြေးတွေကို စုပြီးစီးပါွးရေးလုပ်တယ်
သူAntalyaကိုရောက်ပြီးတစ်နှစ်ကျော်မှာ
ထောက်ပံ့ကြေးတွေထပ်မရောက်လာတော့ဘူး..
မွေးရပ်မြေကိုလည်း မပြန်ချင်..
ဒီလိုနဲ့ပဲ သူAntalyaမှာ တစ်သက်လုံး
အခြေချဖို့ ဆုံးဖြတ်ခဲ့သည်..။

သူ့စိတ်ကူးလေးက ရိုးရှင်းတယ်...၊
တစ်နေ့မှာ သာယာတဲ့မိသားစုဘဝလေးကို ဖန်တီးဖို့
ရယ်ရွယ်တယ် ၊
အရွယ်ရောက်လာရင် တူရကီအမျိုးသမီးချောချောလေးကို လက်ထပ်ပြီးကလေးတွေအများကြီးမွေးမယ်လို့
စိတ်ကူးယဉ်တယ်..၊

Sana  aşığım [ Completed ]Where stories live. Discover now