XII

4K 537 24
                                    


ပတ်ဝန်းကျင်က လှိုင်းခတ်သံကလွဲလို့
ကျန်တာ တိတ်ဆိတ်နေတယ်..

" တစ်ခါတည်း ပြန်လိုက်ခဲ့တော့..Sean "

ဖိုးဖိုးကိုတော့ လက်လန်တယ်..၊
ဒီအထိတောင် လိုက်လာနိုင်တာ..၊
သူAntalyaမှာ ရှိတာ ဘယ်လိုလုပ်ပြီး
သိသွားလဲစဉ်းစားစရာတောင် မလို..
တရားခံကဖိုးဖိုးအနောက်မှာ
ဘာမထီအပြုံးနဲ့ရပ်လို့ သူ့ကိုပြောင်ပြနေတယ်..၊
ငါးမန်းစာကျွေးပစ်ရမယ့် ကျုိးချန်စုတ်..၊

"CEOတစ်ယောက်က ကုမ္ပဏီကို
အကြာကြီးပစ်ထားလို့ မဖြစ်ဘူးလေ."

ဖိုးဖိုးမက်မောတာ ဒီကုမ္ပဏီပဲရှိတာလား..
အမြဲတမ်း ကုမ္ပဏီကို ပါးစပ်ဖျားက
မချနိုင်ဘူး..၊

"ဖိုးလည်း အသက်ကြီးပြီ မသေခင်တော့
စိတ်ချသွားချင်တယ်.."

"ဖိုးဖိုး..

"မြေးကို စိတ်ချသွားချင်တာ..
ဖိုးလုပ်သမျှက မြေးအတွက် နာကျင်စရာ
တွေများနေမှန်း သိပါတယ်..မြေးအဖေလို
ဟိုမရောက်ဒီမရောက်ဖြစ်မှာစိုးလို့ပါ."

ဝမ်းနည်းစိတ်တွေကြားက ရယ်ချင်မိသွားတယ်..ဖိုးဖိုးဟာလေ ဖေဖေအနားမှာ
မရှိတာတောင် ရန်မူနေတုန်း..၊

"ယမ်ယမ် လော့လော့"

ဗလောင့်တောင့်တောင့်နဲ့ လူနှစ်ဦးက
ဖိုးဖိုးအားထားရသည့် အထူးဘော်ဒီဂတ်
တွေမလို့ သိပ်တော့ မအံ့သြသွားပါ..၊

"ဟိုကလေးနာမည်က ဝမ်ရိပေါ်
ဟုတ်တယ်မလား."

"Antalyaကမ်းခြေက တရုတ်ချစ်တီးဆိုရင်
လူတိုင်းသိပါတယ်ခင်ဗျ."

ကျုိးချန်ကို တစ်စစီခုတ်ပြီး ပင်လယ်
အနှံ့ ရေမြှပ်ပေးလိုက်ချင်ပြီ..
သူ့ကလေးလေးကိုများ..၊

"အေး အဲ့ချစ်တီးကို ငါ့ဆီခေါ်ခဲ့
ယမ်ယမ် လော့လော့."

သူပျာပျာသလဲ ထိုလူနှစ်ယောက်ရှေ့မှာ
ပိတ်ရပ်လိုက်ပြီး ဖိုးဖိုးကိုကြည့်ကာ..

"ဖိုးဖိုး အပေးအယူကိုမမေ့နဲ့လေ..
ဝမ်ရိပေါ်က ကျွန်တော့်အပိုင်ဆိုတာကို..
ဖိုးဖိုး နေစေချင်သလိုလည်း နေလာခဲ့ပြီး
ပြီလေ..ဒီနှစ်တွေထဲ ဖိုးဖိုးကို ကျွန်တော်ဆန့်ကျင်ဖူးလို့လား."

Sana  aşığım [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ