III

4.6K 616 18
                                    


နေရထိုင်ရတာမကောင်းဘူး တစ်ခုခု
လိုနေတယ်..၊
ဦးအပြုံးတွေဖြစ်မယ်..။

ဘောင်းဘီမှာပေနေတဲ့သဲတစ်ချို့ကို
ခါချရင်း ဖိုးဖိုးဇီတို့ဆိုင်ထဲဝင်လာတော့
စားပွဲထိုးလေး ဘာချက်က ရေနွေး
တစ်ခွက်ကို လှမ်းပေးတယ်..၊
မျက်လုံးထောင့်က ခုံနားမှာ ကော့ညက်(အရက်) တစ်ခွက်ကိုချလို့ စာရေး
နေတဲ့ဦးဆီကို မသိမသာအကြည့်ပို့ရင်း
စပ်စုလိုက်တယ်..၊

"ဘာချက်..သူ့ကိုသိလား.!"

သူလက်ညိုးထိုးပြတဲ့ ဦးကိုကြည့်ပြီး ဘာချက်က
တစ်ခစ်ခစ်ရှက်သလို ရယ်တယ်.၊
ပြီးတော့ ရိပေါ်နားကိုတိုးတိုးလေးကပ်ပြောလိုက်တဲ့
စကားကြောင့် ခေါင်းကိုနှစ်ချက်သုံးချက်လောက်
ဆင့်ခေါက်ပစ်လိုက်တယ်..၊
ငိုမဲ့မဲ့မျက်နှာနဲ့ ဘာချက်ကိုထပ်ရိုက်ဖို့ပြင်တော့
သူ့လက်တွေကို လာဆွဲထားတဲ့ ဦး..
အခုအခြေအနေက ဇာတ်ကားထဲကလိုမျိုး..
မင်းသမီးကို ဗီလိန်မကပါးချနေလို့ မင်းသားက
လာကယ်သလိုမျိုး ဇာတ်ဝင်ခန်း.၊
မဖြစ်နိုင်တာ..လက်တွေကိုဆောင့်ရုန်းပြီး
ဦးစာရေးနေတဲ့ စားပွဲခုံမှာခပ်တည်တည်ထိုင်နေလိုက်
တယ် .. ။

ခုံပေါ်ကစာရွက်တွေဆီအကြည့်ပို့မိတော့
စာရွက်တွေကြားညှပ်နေသည့်
ခေါင်းထိပ်ပိုင်းလေးသာမြင်ရတဲ့ ခဲပန်းချီလေးက
လူတစ်ယောက်ပုံထင်ပါရဲ့..၊
သိချင်စိတ်ကြောင့် စာရွက်တစ်ခုလုံးကိုဆွဲနုတ်လိုက်
ပေမယ့်..၊
သူ့လက်ထဲမရောက်ခင် ဦးကပြန်ဆွဲယူသွားတယ်...။

"ဘယ်သူ့ပုံလဲ.!"

သူ့မေးခွန်းကို မသိချင်ယောင်ဆောင်နေတဲ့
ဦးကို
ဓားနဲ့နုတ်နုတ်စင်းပစ်ချင်လိုက်တာ..၊

စိတ်မရှည်သလို လေတွေကိုရှူသွင်းလိုက်မှုတ်ထုတ်
လိုက်လုပ်နေသည့်အတွက် ရိပေါ်ပါးလေးတွေက
ဖောင်းလာလိုက်ပိန်သွားလိုက်ဖြစ်နေတာ..၊
နှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက် ကွေးသွားတဲ့
လူတစ်ယောက်ကိုတော့ အန်းဂရီးပေါ်တစ်ယောက်
သတိမထားမိလိုက်ပေ..။

~~

ဘီကီနီဝတ်ထားတဲ့ အမျိုးသမီးတွေကို ရိပေါ်က
သဘောမကျဘူး..၊
အရင်တုန်းက သာမန်မြင်နေကျပေမယ့်
အခု သူ့ဘေးမှာရှိနေတဲ့ ဦးကြောင့်
ထိုအမျိုးသမီးတွေကို စောင်နဲ့ထုပ်ပြီးပင်လယ်ထဲ
ပစ်ချလိုက်ချင်တယ်..၊
ဘောင်းဘီအိတ်ကပ်ထဲကို လက်ထည့်ပြီး
စတိုင်ကျကျလျှောက်နေတဲ့ ဦးကိုလည်းမကျေနပ်ဘူး..၊
တစ်ယောက်တည်း စိတ်ထဲကမ္ဘာစစ်ဖြစ်နေသည့်
ရလာဒ်က ရှေ့ကိုထော်လာတဲ့နှုတ်ခမ်းလေး..။

Sana  aşığım [ Completed ]Where stories live. Discover now