XIII

4.7K 577 37
                                    


"လူလိမ်!! ထွက်သွား!!"

ပစ်ပေါက်ခံလိုက်ရသည့် ဖုန်းလေးက
သူ့နဖူးဆီမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့..၊
ကျကွဲသွားတဲ့ ဖုန်းလေးကို ကြည့်ရင်း နှမြောတသ
ဖြစ်နေသည့် ကျုိးချန်က သူ့နဖူးဆီမှ
စေးကပ်ကပ်အရည်တစ်ချို့ကို သုတ်ဖယ်ဖို့ရန်
လက်ကိုင်ပုဝါလေးကို လာကမ်းတယ်..၊

ဒီအချိန်မှာ မျက်ဝန်းတွေဆီက နာကျင်ရိပ်တစ်စွန်း
တစ်စကိုသာ ငေးကြည့်ရင်း သူကြောင်အစွာ
ရပ်နေမိရုံ..၊

ညစာစားပြီး ပြန်လာတော့ ရိပေါ်အခန်းရှေ့မှာ
ဖိုးဖိုးတို့လေးယောက်က အခန့်သားစောင့်နေလျက်..၊
နောက်တော့ ကျုိးချန်ရဲ့ ရှင်းပြချက်
တစ်ချို့‌ေကြာင့် ရိပေါ်က ထပေါက်ကွဲ၏..
နာကျည်းခြင်းကို ခံနိုင်ရည်မရှိလို့
စိတ်ဆိုးရုံပါပဲလို့ သူ့ကိုယ်သူ
အကြိမ်ကြိမ်သတိပေးနေပေမယ့် အသားတွေ
တစ်ဆတ်ဆတ်တုန်နေတဲ့ ရိပေါ်က သူ့ကို
မျက်နှာချင်းမဆိုင်သေး..၊

ဖိုးဖိုးက ရိပေါ်ကုတင်ပေါ်မှာထိုင်နေပြီး
ပွဲကြည့်ပရိတ်သတ်လုပ်၍ ယမ်ယမ်နဲ့လော့လော့
ကတော့ အခန်းပေါက်မှာ အခြေအနေကို
စောင့်ကြည့်နေလေဟန်..၊

ရိပေါ်ကို အလျှော့ပေးလိုက်ရင် ဒီတစ်သက်
သူတို့ဝေးရမလား မသေချာသည်မို့
တစ်စစီဖြစ်နေတဲ့ ဖုန်းလေးကိုကောက်ပြီး
သူမျက်နှာကြောကို တတ်နိုင်သမျှတင်းလိုက်ကာ..

"ဒီဖုန်းက ဈေးဘယ်လောက်ကြီးလဲ သိလား
ဝမ်ရိပေါ် "

ရိပေါ်ရဲ့ ခနဲ့သလို ရယ်သံကြောင့် စပ်ဖြီးဖြီးဖြစ်နေတဲ့
ကျုိးချန်မျက်နှာက တည်တင်းသွား၏..

"ဟက်! ဘာလဲပြန်လျော်ရပေးရမှာလား."

သူ့အကွက်ထဲ ဝင်လာပြီမလို့ မျက်မှောင်ကျုံ့ပြီး
ကြည့်နေသည့် ကျုိးချန်ကို တစ်ချက်ပြုံးပြ၍

"ဟုတ်တယ် ပြီးတော့ ကိုယ်ဝယ်ကျွေးတဲ့
Steakနှစ်ပွဲရော.အော် ဝိုင်သောက်သေးတယ်နော် ပြန်လျော်ပေး."

"စားထားသမျှ အီးပါပေးလိုက်မယ်လေ..
အီးထုပ်လေးပြန်ယူ!."

ဖိုးဖိုးက ရယ်ချင်တာကို ဖုံးကွယ်ဖို့ ကြမ်းပြင်ဆီ
အကြောင်းမဲ့စိုက်ကြည့်နေပြီး ကျုိးချန်က
နံရံနှင့်ခေါင်းဆောင့်နေလျက် ယမ်ယမ်နဲ့လော့လော့က
ထိန်းချုပ်မရစွာ အော်ရယ်နေတယ်..၊

Sana  aşığım [ Completed ]Where stories live. Discover now