VIII

4K 598 35
                                    


နွေးသွားတဲ့ပါးကို အုပ်ကိုင်ပြီး
တောင့်တောင့်ကြီးရပ်နေရင်း သူ့မေးဖျား
ကို ဆွဲမော့လိုက်တဲ့ ဦးကြောင့် ရိပေါ်
အသိဝင်ကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏..၊

သူသဘောကျနေတာကိုသိသွားလို့
သက်သက်မဲ့ အခွင့်အရေးယူဖို့ ကြိုးစား
နေတာ..
ဝမ်ရိပေါ်ကို ဒီလိုလာလုပ်လို့မရဘူး
နော်..၊

"ကျွန်တော်ကဦးကိုသဘောကျတယ်လို့ပဲ
ပြောတာနော်..တွဲမယ်လို့ ပြောမိလို့လား.."

"ကိုယ်လည်း သဘောကျတယ်လေ
မင်းကို ။ မတွဲချင်ရင်လည်း သဘောပါ.."

မျက်နှာငယ်လေးနဲ့ ဦးကို သြချကာ
ကြည့်ရင်း အရင်တုန်းက
ချေချေအေးအေးဦးကို ပြန်ခေါ်ပေးပါလို့
ဆုတောင်းရမလို..၊

သူ့ကြောင့်ပြောင်းလဲသွားတာများလား'လို့ ဖြည့်တွေးပြီးမသိမသာဂုဏ်ယူလိုက်မိသေးတယ်..၊

မျက်နှာကို မော့ချီလိုက်ပြီး..

"ဦး တွဲချင်တယ်ဆိုလို့နော်. အဟမ်း!!."

လက်တွေကို နောက်ပစ်ပြီး ရိပေါ်
ခပ်စောင်းစောင်းလေး အထာကျကျ
ရပ်လိုက်တယ်.၊
ပြောင်းလဲချိန်တန်ပြီ..ဦးရှေ့မှာ အမြဲတမ်း
ခန့်ညားနေစေရမယ်..၊

ယုန်သွားတွေပေါ်တဲ့ အထိပြုံးပြလျက်
သူ့မျက်နှာဆီ ငုံ့ကိုင်းလာတဲ့ ဦးရဲ့ ခေါင်းကို
ရှောင်လိုက်ရင်း ဦးရင်ဘတ်တွေကို လက်နဲ့
တွန်းထားကာ

"ခွင့်ပြုချက်မရှိဘဲ ကျွန်တော့်ကို မထိရဘူး.!"

ဟွန့် ဟွန့် ဟွန့် ဘာတတ်နိုင်သေးလဲ.??

အင်တင်တင်နဲ့ခေါင်းညိမ့်ပြတဲ့ ဦးကိုကြည့်ပြီး
ရိပေါ်ကတော့ ကျေကျေနပ်နပ်ပြုံးလျက်..။

~~~

ပထမနေ့.၊

အကြွေးစာရင်းတွက်နေတဲ့ ရိပေါ်ဘေးမှာ
ရှောင်းကျန့်က စာအုပ်တစ်အုပ်ကို ဘယ်ညာလှန်ပြီး
ဖတ်ချင်ယောင်ဆောင်နေတယ်..၊

ဘောပင်ကိုင်ထားတဲ့ လက်ဖွေးဖွေးလေးတွေဆီ
ခဏခဏအကြည့်ပို့ရင်း တစ်ခုခုကို ကြံစည်နေပုံ..

"ရိပေါ် လက်တွေက ကြမ်းတယ်မလား.."

"မကြမ်းပါဘူး မယုံရင်ကိုင်ကြည့်.!"

Sana  aşığım [ Completed ]Where stories live. Discover now