IX

3.9K 602 15
                                    


လက်ကောက်ဝတ်သွေးကြောမျှင်လေး
တွေ ခုန်နေတိုင်း
'ရှောင်းကျန့်က ဝမ်ရိပေါ်အပိုင်'ဆိုတဲ့
သဘောမျိုး..၊၊

~~~

တရုတ်နိုင်ငံ ပေကျင်းမြို့..၊
အသက်ဆယ့်ရှစ်နှစ်အရွယ် ရှောင်းကျန့်.။

ပန်းဖြူဖြူတွေကြားမှာ ပြုံးနေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံလေး
တစ်ပုံ...

အနက်ရောင်ဝတ်စုံတွေနဲ့ လူအများစုက
ဝမ်းနည်းရိပ်သမ်းတဲ့ မျက်လုံးတွေနဲ့
နံရံထောင့်ရှိကောင်လေးကို သနားစဖွယ်ကြည့်သွားကြလေတယ်..၊

'ယောကျာ်းမှန်ရင် မျက်ရည်မကျရဘူး'
ဆိုတဲ့ ဖိုးဖိုးစကားကြောင့် ရှောင်းကျန့်က
နီရဲရဲမျက်ခမ်းစပ်တွေနဲ့ အံတင်းတင်း
ကြိတ်ထားတုန်း..၊

စီးပါွးရေးနယ်ပယ်မှာ ထိပ်စီးကုမ္ပဏီတစ်ခုဖြစ်တဲ့
XiaoGPရဲ့ဆက်ခံသူဟာ စိတ်ဓာတ်သန်မာနေရမယ်
လို့လည်း ဦးနှောက်ထဲ အမြဲရိုက်သွင်းထားတယ်..၊

မျက်ရည်တွေစို့တက်လာတိုင်း ဖိုးဖိုးက
သူ့ပုခုံးကို ခပ်ဖွဖွပုတ်လို့ သတိပေးတယ်..၊
'ပျော့ညံ့မနေနဲ့'တဲ့..၊၊

မေမေဆုံးတာတောင် ငိုခွင့်မရှိတဲ့ဘဝကို
စိတ်ပျက်လွန်းလို့..

"သား ရှောင်းကျန့်."

"အပြောအဆိုဆင်ခြင်ပါ နာမည်ကိုလက်လွတ်စပယ်
မခေါ်နဲ့.!!"

ဘယ်အချိန်ကရောက်လာမှန်း မသိတဲ့
ဖေဖေ့ အသံနဲ့
အတူ ဖိုးဖိုးရဲ့ မာန်ပါပါအပြစ်တင်သံက
တစ်ပြိုင်နက်တည်း..၊

"ကျွန်တော်က သူ့အဖေလေ."

"အဖေက အဖေလိုနေလို့လား..အဆင့်မရှိတဲ့
ပန်းချီဆရာအလုပ်ကြောင့် ငါ့သမီးနဲ့မြေးကို
ပစ်သွားတဲ့ မင်းက အဖေပီသလို့လား."

"ကျွန်တော် ထွက်သွားတာ ခင်ဗျားရဲ့အတောမသတ်
နိုင်တဲ့ အတ္တတွေနဲ့ဖုံးလွှမ်းနေတဲ့ ကမ္ဘာကြီးကိုမုန်းလို့.
မစ္စတာရှောင်း..သားရဲ့မျိုးရိုးနာမည်က အစ
ခင်ဗျားစိတ်ကြိုက်."

ဒီလိုပါပဲ ဖေဖေနဲ့ဖိုးဖိုးကတွေ့လိုက်တိုင်း
အမြဲ ဒီလိုပဲ..

Sana  aşığım [ Completed ]Where stories live. Discover now