Sana aŝığım

6.8K 701 87
                                    


ရိပေါ်ဟာ လုံးဝကျောင်းစာနှင့်
ဓာတ်မတည့်ပါ..၊

ကျောင်းစာတွေကျက်နေမဲ့အစား BigBangသီချင်း
တွေပဲ ထိုင်ဆိုချင်နေတယ်..၊

အကြွေးမတောင်းရတော့လည်း သူဟာ
ပေကျင်းမြို့ကြီးမှာ အထီးကျန်လို့..၊
ဦးက အခုရက်ပိုင်း အလုပ်များနေလို့
သူ့အနားမှာ မရှိတာလဲပါတာပေါ့..၊

ဒါပေမယ့်

မနက်ဖြန်ဆို ဦးကကျောင်းလိုက်အပ်ပေးတော့မှာ..၊
စာမလုပ်ချင်တော့ဘူး ယောကျာ်းယူချင်
နေပြီ ။ ဦးကမလှုပ်သေးလို့ ငြိမ်နေရတာ

ဖိုးဖိုးဝယ်ပေးထားတဲ့ ချောကလက်ဘူးလေးကို ပိုက်ပြီး ရိပေါ် ငိုင်ငိုင်လေးထိုင်နေရင်း
ရှေ့ရေးကို တွေးတောနေမိတယ်..

"Antalyaကိုပြန်ချင်လိုက်တာနော်."

"ဘယ်ကိုမှပြန်ဖို့ မစဉ်းစားနဲ့.."

ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ဦးက
နားရွက်နားကို ကပ်ပြောလိုက်သည်ကြောင့်
ရိပေါ်ကိုယ်လေးဟာ တုန်ခနဲ..၊

"လန့်သွားတာပဲ ဦးရာ ဘာလို့ အမလေး!!"

သူ့ကို စွေ့ခနဲပွေ့ချီလိုက်သည့်အတွက်
ချောကလက်ဘူးလေးကို ပစ်ချလိုက်ကာ
သူ့လက်တွေကို ဦးလည်ပင်းဆီ
အလိုက်သင့်ချိတ်လိုက်တယ်.၊

ဦးခြေလှမ်းတွေရဲ့ ဦးတည်ရာက
ကြင်စမဦးရသေးတဲ့ အိပ်ခန်းလေးဆီမှန်း
သိလိုက်ရချိန်မှာ ရိပေါ် စိတ်ထဲကြိတ်ပျော်သွားကာ ဟိခနဲ အသံလေးတောင်
ထွက်သွားလား မသိ..၊

ကုတင်ပေါ်ကိုချပေးပြီး အုပ်မိုးလိုက်ချိန်မှာ
ရိပေါ် ရင်တွေဖိုးသိုးဖတ်သပ်ဖြစ်နေပြီ..၊

"အပြစ်ကိုသိလား."

"ဘာအပြစ်လဲ အော် Antalyaကိုပြန်ဖို့ အွတ်
အွင်း..ဂစ် ဂစ်."

မပြောမဆို နမ်းလိုက်သည့်ဦးကြောင့်
ငုံလက်စ ချောကလက်ကို အတင်းမြိုချမိသဖြင့် လည်ချောင်းထဲ တစ်နေလေပြီ..၊

"ကလေး က လေး ဆေးရုံကားခေါ်!!"

"နိုး နိုး ရပြီ နမ်းမယ်ဆိုရင် ကြိုပြောပါလား
ဦးရာ အခုတော့ ချောကလက်တစ်လို့
ဖီလ်းငုပ်ပြီ"

Sana  aşığım [ Completed ]Where stories live. Discover now