IV

4.2K 613 14
                                    


ပြတင်းပေါက်ပေါ်မှာ ခေါင်းလေးတင်လို့
လမ်းဘက်ကိုငေးနေတဲ့ ရိပေါ်က
စောင်တွေနဲ့ လုံးထွေးလျက်..၊
မနက်ခင်းနေရောင်ခြည်က မျက်နှာပေါ်ကိုခပ်စူးစူး
ကျနေပြီ..ဒါပေမယ့် မျက်နှာမသစ်ချင်သေး.၊
သူ အပျင်းတစ်နေတယ်..၊
အိပ်ရာကနိုးတာနဲ့ တက်ကြွဖြတ်လတ်နေတဲ့လူတွေထဲ
ရိပေါ်မပါဘူး..နည်းနည်းလေးတော့အပျင်းကြောဆွဲလိုက်ရ
မှ..၊

လမ်းထဲမှာ ဂျစ်ကားကိုတသသလုပ်နေတဲ့
ခါအီရာကို မြင်တော့ ရိပေါ်မျက်လုံးတွေလက်ခနဲ
ဖြစ်သွားတယ်..၊
ဂျစ်ကားလေးနဲ့ အကြွေးသွားတောင်းရရင်
ဘယ်လောက်ကောင်းမလဲ..!၊ကမန်းကတန်း
ရေချိုးအဝတ်အစားလဲပြီး ဦးထုပ်အနီလေးကို
နောက်ပြန်ဆောင်းလို့ အကြွေးစာရင်းတွေကြည့်ချင်
ယောင်ဆောင်ရင်း ထွက်လာလိုက်တယ်..၊

"ဝမ်ကြီးကျယ်. .ဒီမှာကြည့်.!"

ဂျစ်ကားကြီးကိုကြွားနေတဲ့ ခါအီရာကို
ပြုံးပြလိုက်ပြီး(စိတ်မပါတပါ)..
နှုတ်ကလည်း တစ်ဝါးဝါးလုပ်ပြရသေးတယ်.၊
ကြွားလွန်းလို့ကြည့်မရပေမယ့်..။

"အကြွေးသွားတောင်းမလို့လား..
ငါ့ဘေဘီနဲ့ လိုက်ပို့ပေးမယ်လေ.!"

"အင်း..ဈေးထဲကိုနော်.!"

ပြဿနာက စလေပြီ.၊
ဂျစ်ကားကြီးက အစုတ်ကြီး.!
တဖွတ်ဖွတ်အသံကြီးကြောင့် လမ်းထဲမှာရှိတဲ့
ကလေးတွေရဲ့ဝိုင်းဟားတာခံရတယ်..၊
ဒါပေမယ့် ရိပေါ်တို့ကမမှုပါဘူး..
သူလုပ်ချင်တာလုပ်ရရင်ပြီးတာပဲ..၊
ပင်လယ်ဘက်ကတိုက်တဲ့ လေသင်းနံ့ရယ်.
ကားမီးခိုးနံ့တွေရယ် ရောထွေးလို့
နည်းနည်းတော့ အဆင်မပြေနေဘူး..။

ဈေးထဲရောက်တော့လည်း နောက်ကပါလာတဲ့
ခါအီရာကြောင့် ပုံမှန်ထက်သူ့ကိုနည်းနည်းရှိန်နေကြ
တယ်..၊
ဂျပန်လူမျိုးစပ်ဖြစ်တဲ့ ခါအီရာက
ထောင်ထောင်မောင်းမောင်းနဲ့ အသားဖွေးတဲ့ထဲမှာ
ပါတယ်..၊
စိတ်မထင်ရင်မထင်သလို ဒေါသလည်းကြီးလို့
ဘယ်သူမှ ခါအီရာကိုဝမရှိဘဲဝိမလုပ်ရဲ..။

"simitပေါင်မုန့်စားမလား ခါအီရာ.!"

"ဝယ်ကျွေးမလို့လား."

"အင်း..ဦးအတွက်လည်းဝယ်ချင်လို့.!"

"ဘယ်ကဦးလဲ.!."

Sana  aşığım [ Completed ]Where stories live. Discover now