XI

3.9K 580 23
                                    


ရိပေါ်ရဲ့ အခန်းလေးက ယခုဆိုရင် ပိုကျဉ်းသွားရပြီ.၊

ဘာမပြောညာမပြောနဲ့အဝတ်ထုတ်ကြီးဆွဲပြီး
ရောက်လာတဲ့ ဦးကြောင့်မို့..၊
လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ရိပေါ်ကိုအိမ်ပြန်လိုက်ပို့
ခဲ့တာလေ..၊

သူလည်း မငြင်းရက်..၊
နောက်ဆို..(အနာဂတ်အတွက် သူ့မှာအခွင့်အရေးရှိလို့
လား)
မတွေးချင်တော့ဘူး တစ်ကယ်လို့များ
ဦး တရုတ်ကိုပြန်သွားခဲ့ရင်
Antalyaမှာ သူတစ်ယောက်တည်းကျန်နေခဲ့ရမှာ..

ရှုပ်ထွေးဝမ်းနည်းစိတ်တို့နှင့်အတူ အိပ်မပျော်တာကြောင့်
သူ့ကုတင်ဘေးအောက်နားမှာ အိပ်နေတဲ့ဦးဆီ
လှမ်းကြည့်လိုက်မိတယ်..၊

အတူတူပါပဲ..
ဦး မျက်ဝန်းလှလှတွေက သူ့ကို
စိုက်ကြည့်လို့..

"ဦးရေ."

"ဗျာ.."

ပြန်ထူးသံလေးက ဘာလို့ ချစ်ဖို့ကောင်းရတာလဲ
ဦးရဲ့..

" မေးစရာရှိလို့ "

ခေါင်းညိမ့်ပြတာကြောင့် သူတံတွေးတစ်ချက်
မျိုချလိုက်ပြီး..

"ဦးရဲ့ အချစ်ဦးက ဘယ်သူလဲဟင်."

"ဂွမ်းထုပ်လေး."

သူ့မျက်နှာဆူပုပ်သွားမှာကို မှန်ကြည့်စရာမလိုဘဲ
သိနေပါတယ်..၊
မနာလိုလိုက်တာနော်..

"ဦး ဘာလို့လက်မထပ်သေးတာလဲဟင်."

"မင်းက ငယ်သေးလို့လေ."

ရိပေါ် အလန့်တကြားထထိုင်မိလိုက်တယ်..၊
ပြုံးနေတယ်..
ဦး အပြုံးကြီးက ငရှဥ့်ပြုံးကြီး အီးးး..

ရင်ခုန်သံဆူညံညံတွေကြား သူပြောဖြစ်အောင်
ပြောလိုက်မိသေးတယ်..
'ကျွန်တော်က မငယ်တော့ပါဘူး'လို့..၊

နည်းနည်းများ သိသာသွားလား..၊၊

~~~

အသက်ရှူသံမျှင်မျှင်လေးကြားမှ ရှောင်းကျန့်
ထထိုင်ကာ ကုတင်ပေါ်မေးထောက်ပြီး ကလေးလေးကို
ချစ်မဝစွာကြည့်နေမိတယ်..၊
အိပ်နေတာတောင် ချစ်ဖို့ကောင်းနေရောပဲ..၊
ဆံပင်အိအိလေးတွေကို သပ်တင်၍ နဖူးပြင်လေးဆီ
အနမ်းချွေမိတယ်..၊

Sana  aşığım [ Completed ]Where stories live. Discover now