VII

3.9K 581 9
                                    


သတိရခြင်းတွေများလာရင် အလွမ်းလို့
အဓိပ္ပါယ် သတ်မှတ်သတဲ့..၊၊

ခပ်စပ်စပ်ဖြစ်နေတဲ့ မျက်လုံးတွေကို
ပွတ်သပ်ပြီး ထော့နဲ့နဲ့ခြေလှမ်းတွေနဲ့
သေးနုပ်နုပ် ရေခဲသေတ္တာလေးဆီ
ဦးတည်လိုက်တယ်..၊

ဗလာကျင်းနေတဲ့ ရေခဲသေတ္တာလေးက
ရိပေါ်ကို ပြောင်ပြနေသလိုပဲ..

အင်းလေ..
Serikကပြန်လာပြီးနှစ်ရက်လုံးလုံးအခန်းအောင်းလို့ စားလိုက်သောက်လိုက်
လုပ်နေတော့ ဘယ်ခံနိုင်ပါ့မလဲ.!!

ဘယ်လိုလုပ်မလဲ သူအပြင်လည်း
မထွက်ချင်ဘူး.. ဦးကို ရင်မဆိုင်ရဲလို့..၊

"ဟင်း..!"

စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ရင်း
နံရံကို ကျောကပ်မှီထိုင်လိုက်တယ်.၊
မျက်လုံးထဲ တစ်ရေးရေးပေါ်လာတာ
အဖြစ်အပျက်တစ်ခု..၊

~~~

လွန်ခဲ့သောနှစ်ရက်ခန့်..။

"အ့. နာတယ်.!"

ရိပေါ်ခြေထောက်ဖွေးဖွေးလေးက
ဦးလက်ထဲမှာ ရုန့်ရင်းဆန်ခတ်..

"ဟေ့ ငြိမ်ငြိမ်နေကွာ."

"နာပါတယ်ဆိုနေ အီး ဟီး.!"

အော်ငိုမိပြီ.!!
ခြေထောက်ကနာပါတယ်ဆို စကားကို
ငြင်ငြင်သာသာမပြောတဲ့ဦးကြောင့်..၊

"မင်းက တစ်ကယ်ကိုပဲ..အဟွန်း.!"

"ဦးမကောင်းဘူး ကျွန်တော့်ကိုလှောင်ပြန်ပြီ.!!"

ရိပေါ်ရဲ့အော်သံကြောင့်
ချက်ချင်း မျက်နှာတည်လိုက်တဲ့ ဦးက
မျက်မှောင်ကျုံ့ပြီး ရယ်ချင်စိတ်ကို
ထိန်းချုပ်ထားဟန်.၊

ဦးကို တစ်ချက်ကြည့်ကာ..

"အဟမ်း.! ဖွင့်ဟချင်တဲ့လျို့ဝှက်ချက်က
ဘာလဲ.!"

သူ့ခြေထောက်ကို အနှိပ်မပျက်ဘဲ
မျက်လုံးပင့်ကြည့်လာတဲ့ ဦးကို ခပ်စူးစူးကြည့်ပစ်လိုက်တယ်..၊

ရေလာမြောင်းပေး လုပ်နေတာ သိသင့်
တယ်လေ..

"အဟက်. မပြောပြချင်တော့ဘူး."

"အသေကောင်ကြီး!!"

"ဝမ်ရိပေါ် မင်း.!"

လူသေကြီးလိုပဲ ဟိုမလှုပ်ဒီမလှုပ်နဲ့
ဒီက စိတ်မရှည်တော့ဘူး.၊
ရိုင်းတယ်ထင်ရင်လည်း ထင်ပါစေတော့..၊

Sana  aşığım [ Completed ]Where stories live. Discover now