V

4K 592 21
                                    


အိပ်ပျော်တဲ့အထိ သူစဉ်းစားနေခဲ့တာက
မနက်ခင်းရောက်ရင် ဘယ်လိုမျက်နှာထားရမလဲ..
မသိချင်ယောင်ဆောင်လိုက်ရမလား..၊

နိုးလာပြန်တော့ သူ့အတွေးတွေပြောင်းသွားပြန်ရော..
ပေါ်တင်မေးလိုက်ရမလား..
ပူနွေးနွေးဖြစ်လာတဲ့ပါးကြောင့် ဒီအကြံကိုလက်လျှော့
လိုက်တယ်..
ဦး တစ်ခုခုပြောလိုက်ရင် ဘယ်လိုလုပ်မလဲ..၊

ကိုယ့်နှုတ်ခမ်းကိုကိုက်လို့ စဉ်းစားခန်းဝင်နေရင်း
တစ်လှုပ်လှုပ်ဖြစ်လာတဲ့ ဦးကြောင့်
အသက်ရှူအောင့်လိုက်မိတယ်..၊

အလန့်တကြားထထိုင်လိုက်တဲ့ ဦးကသူ့ကိုဆွဲထူလို့
ခန္ဓာကိုယ်ကိုလည်း ဘယ်လှည့်ညာလှည့်စေပြီး
ကြည့်နေပြန်တယ်..၊
ဦးတွေးနေတာ ဟိုလိုကြီးလား.!

"ကိုယ်တစ်ညလုံး ဖိထားမိတာလား."

ကျေးဇူးတင်လိုက်တာ..တစ်ညလုံးလှုပ်မရအောင်
ဖက်ထားလို့ ကိုယ်လက်တွေမနာဘူးလား
ဆိုတဲ့ အကြောင်း ထည့်မေးပါအုံး..၊

" အင်း."

ထွက်လာတဲ့အသံသေးသေးလေးကြောင့်
ကိုယ့်ပါးစပ်ကိုလက်နဲ့အုပ်တော့ မုန့်နံ့ကြီး..၊
ဦးကိုကြည့်လိုက်တော့လည်း
မျက်ဝန်းတွေက သူ့နှုတ်ခမ်းတွေဆီမှာ..၊
ဘယ်လို အရှက်ကွဲမှုကြီးလဲ..!

"ကိုယ်..အဟမ်း.!"

ရယ်ချင်တဲ့မျက်နှာပေးနဲ့ ဦးက ပါးစပ်နားလက်သီးဆုပ်
ကပ်လို့ ချောင်းဟန့်တယ်..၊
သိတယ် လှောင်နေတာ.!

ရိပေါ်လက်တွေနောက်ပစ်ပြီး နှာတစ်ရှုံ့ရှုံ့လုပ်နေတာက
ငိုချင်လာလို့..၊
ခေါင်းကိုငုံ့ထားလျက် အခန်းတံခါးဆီ
လက်ညိုးထိုးပြလိုက်တယ်..၊

"ပြန်တော့.!"

မော့ကြည့်လိုက်စဉ်မှာပင် အခန်းတံခါးလေးက
ဖြည်းညှင်းစွာပိတ်သွားခဲ့ပြီ..၊

"ပြန်တော့ဆိုတိုင်း တကယ်ပြန်သွားရလား.!"

စေးကပ်ကပ်လက်ကို ဆုပ်လိုက်ဖြန့်လိုက်လုပ်နေရင်း
ဝဲလက်စမျက်ရည်တို့က ပါးပြင်ပေါ်တစ်လိမ့်ချင်း
ကျလာတယ်..၊

တဆိတ်ရှိငိုရအောင် သူအသည်းမနုပါဘူး..၊

ပင်လယ်ရနံ့သင်းတဲ့ လေပြေရယ်..
မေးချင်ပါတယ် ကိုယ်ဘာကြောင့်
ဒီလို ဖြစ်နေရသလဲကွယ်..။

Sana  aşığım [ Completed ]Where stories live. Discover now