X

3.9K 626 28
                                    


စတော်ဘယ်ရီ ရေခဲမုန့်လေးကို နှုတ်ခမ်းတွေ
ပေပွအောင် စားနေတဲ့ ကလေးလေးက
'ဝမ်ရိပေါ်'တဲ့..၊

အံမယ် စွာလွန်းလို့ ဘယ်သူနဲ့မှ မတည့်ဘူးတဲ့..
မယုံပါဘူး..
ဒီကလေးလေးက ချစ်ဖို့ကောင်းလွန်းနေတာ
ဘယ်သူကမချစ်ဘဲနေနိုင်မှာလဲ..၊

သူကိုယ်တိုင်တောင် ဂွမ်းထုပ်လေးကိုအားရပါးရ
ဆွဲမွပစ်ချင်နေတာ၊

ဘေးမှာချထားတဲ့ အစိမ်းရောင်စာအုပ်လေးကို
ကောက်ယူလိုက်တော့ အကြည့်စူးစူးလေးတွေက
သူ့ဆီ..၊

"ပြန်လိုချင်ရင် ရေခဲမုန့်ကျွေး."

"ဟင့်အင်း..အီးပေါ် ကျွေးချင်ဘူး."

"ဟိုမှာကြည့် အများကြီးရှိသေးတယ်."

"အာ့ဆို အဲ့ဒီမှာ သွားတောင်းစားလေ..
ဟွန့် "

သူပြုံးလိုက်ရင်း
အချေရုပ်လေးနဲ့ထထွက်သွားတဲ့ ကလေးလေး နောက်ကို လိုက်ဖို့ပြင်ပေမယ့်..

"Sean ပြန်ကြရအောင်..ဒီလောက်ဆို ရပြီ "

"ခဏလေး ဖိုးဖိုး. ခဏလေး."

ဖိုးဖိုးရဲ့ငြူစူစူအကြည့်တွေကို မသိဟန်ဆောင်ကာ
ကလေးလေးဆီ အပြေးလိုက်ရင်း
လက်မောင်းလေးနှစ်ဖက်ကို ချုပ်ပြီး မျက်ဝန်းတွေကို စိုက်ကြည့်မိတယ်..၊

အောက်ကျသွားတဲ့ ရေခဲမုန့်လေးကိုပဲ
ငိုမဲ့မဲ့ကြည့်နေတာကြောင့် ပါးဖောင်းဖောင်းကိုဖိနမ်းပြီး.

"ကိုကိုနောက်တစ်ခေါက်လာရင် ရေခဲမုန့်တွေ
အများကြီးဝယ်ကျွေးမယ်လေ.
ကိုကို့ကို .မေ့မသွားရဘူးနော် ကလေးလေး.."

"အူး ဝါး!! အီးပေါ် ရေခဲမုန့်.!!"

ရေခဲမုန့်ဆီက အကြည့်မလွှဲဘဲ ပါးမို့မို့ထက်
မျက်ရည်ဥလေးတွေ ကျဆင်းလို့ အော်ငိုနေတဲ့
ကလေးလေးကြောင့် သူပျာယာခတ်သွားရတယ်..၊

"Sean မြေး..အော် ကလေးကဘာလို့
ငိုနေတာလဲ..!"

ဖိုးဖိုးရဲ့အပြောနဲ့အလုပ်တစ်ပြိုင်နက် သူ့လက်ထဲက
ကလေးလေးကို ဆွဲဆောင့်ယူပြီး အနားမှာပါလာတဲ့
ဂေဟာမှူးဆီ ထည့်ပေးလိုက်တာကြောင့်
သူ့လက်သီးဆုပ်တွေ တင်းခနဲဖြစ်သွားတာကို
ခံစားမိတယ်..၊

Sana  aşığım [ Completed ]Where stories live. Discover now