VI

4K 550 17
                                    


Serikမြို့မှာရှိတဲ့ Ucansuရေတံခွန်က
သဘာဝရှုခင်းလေးတွေနဲ့ သာယာတယ်..၊
အစိမ်းရောင်သန်းနေတဲ့ ရေတွေက ကြည်ကြည်လေး..
Ucansuရေတံခွန်ကိုရောက်ရင် ရေမစိမ်ဘဲမပြန်ပါနဲ့
လို့တောင် ပြောစမှတ်ပြုကြသတဲ့..၊

ရိပေါ်က ဒီအတိုင်းရောက်ဖူးလားလို့ပဲမေးလိုက်တာပါ..
ဦး သွားချင်တဲ့နေရာဖြစ်နေမှန်း တကယ်မသိခဲ့ဘူး..၊
မပြောမဆိုနဲ့ ဦးခေါ်ရာ လိုက်လာမှ Ucansuမှန်း
သိတော့တယ်..၊
ရင်ဖိုချင်စရာကောင်းတာတော့ အမှန်ပဲ..။

ရေတံခွန်အနီးက
ကျောက်တုံးတစ်ခုပေါ်မှာထိုင်လိုက်ပြီး ရေကြည်ကြည်
ထဲ သူ့ခြေထောက်တွေချထားကာ အချင်းချင်းပွတ်သပ်
နေမိတယ်..၊

ဘာရယ်မဟုတ် ခပ်လှမ်းလှမ်းကစုံတွဲတစ်တွဲကို
ငေးနေမိရင်း မျက်လုံးတွေကိုလာအုပ်တဲ့
လက်သွယ်သွယ်..၊

"အဲ့လိုကြီး သွားမကြည့်ရဘူးလေ..!"

ဘယ်လိုလုပ်မလဲ..ရိပေါ်အကျင့်က မကြည့်နဲ့ဆိုမှ
ပိုကြည့်ချင်တာ..၊

" ဗွမ်း.!! "

"ဟာ..ကလေးငယ်.!"

ရုတ်တရက်မတ်တတ်ထရပ်လိုက်သဖြင့်..
အရှိန်လွန်ပြီး သူ့ကိုယ်လေးက ရေကြမ်းပြင်နှင့်ထိစက်
ခဲ့ရပြီ..၊
ဦး အရှိန်မီလှမ်းထိန်းလိုက်ပါသော်လည်း မမီတော့..၊

မမျှော်လင့်ဘဲ ကြားလိုက်ရသည့် စကားလေးတစ်ခွန်း
ကြောင့် ရင်ဝယ် စိတ်လှုပ်ရှားမှုအစုံနှင့်အတူ
တစ်ခဏတာ ရေမွန်းကျပ်သွားရ၏..၊

ဆယ်ယူပွေ့ချီလိုက်သော ဦးရင်ခွင်ထဲတွင်
မျက်လုံးမှိတ်ကာ ငြိမ်သက်နေမိဆဲ..၊

တစ်ဖန်ကျောက်တုံးပေါ်၌ ရိပေါ်ကိုချပေးသည့်တိုင်
မျက်လုံးတို့မဖွင့်နိုင်သေး..၊
ပါးကို ခပ်ဖွဖွလေးဖျစ်ညှစ်နေတဲ့ ဦးက
တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ..!

နွေးထွေးသွားသော နားသယ်စလေး.၊

"ရေနစ်ရင် ဇာတ်ကားတွေထဲကလိုမျိုး
ကယ်ရမှာလား.!"

Sana  aşığım [ Completed ]Where stories live. Discover now