အပိုင်း ၃

45.9K 4.6K 132
                                    

"နေသစ်...မနက်ပိုင်းအတန်းမရှိဘူး။
ကျောင်းရောက်ရင် Green Houseကို
လာခဲ့"

"အေး...အေး။ နင်တို့ရောက်ပြီလား"

"ငါတော့ မရောက်သေးဘူး။ ဟိန်းထက်
တို့ မိုးလွင်တို့တော့ရောက်နေပြီတဲ့"

"ငါလည်း ကျိုက်ခေါက်ဘုရားကျော်
လာပြီ။ မိဝေ နင်လာရင် ကျူရှင်
သင်္ချာစာအုပ် ယူခဲ့ပေးဦး"

"သေနာလေး မယူလာပေးဘူး။ နင့်
ဘာသာနင် လင်ဆိပ်တက်ပြီး ကျူရှင်
တောင် မလာနိုင် ဖြစ်တဲ့ ကိစ္စ"

"လုပ်ပြီဟာ..."

နေသစ်ဆက်မပြောဘဲ ရှက်ရယ်သာရယ်နေမိတော့မှ...သနားသွားပုံရသည်။

"သေနာလေးရေ...ယူလာမယ်ဟေ့။"

မိ အရုဏ်လင်းဝေ တစ်ယောက် စောစောစီးစီး အကုသိုလ်အတုံးလိုက်
တက်ပြီး ဆဲဆိုကာ ဖုန်းချသွားသည်။
ဆည်မှာ ရန်ဖြစ်ကောင်းလို့ နောက်နေ့လည်းရောက်ရောတစ်ကိုယ်လုံးလည်းကိုက်ခဲ  အဖျားတွေတက်ပြီးနိုးလာတာ။
မမကြီး မသိအောင် တခြားဆေးခန်းသွားခိုးပြရသည်။ အဲ့နေ့က သင်္ချာကျူရှင်လည်းသွားမတက်နိုင်။ တစ်ပတ်မှ တနင်္ဂနွေနေ့ပဲ တက်ရတဲ့ ကျူရှင်ချိန်
တွေ အကုန်လွတ်။ နေသစ်တို့ IT က
တခြား မေဂျာတွေလောက် ကျူရှင်
ယူစရာမလိုတော့တော်သေးတယ်။
အတန်းပုံမှန်တက်ရင်လိုက်နိုင်တယ်။ ကျူရှင်တက်ကြတယ်ဆိုတာ Roll1  လုတဲ့ ဟိုက်ပါတစ်စုနဲ့ကျောင်းပြေးတစ်အုပ်။
နေသစ်ကဒုတိယအမျိုးအစားထဲမှာပါတယ်။ အကြောင်းက ကျောင်းပြေးတာ မဟုတ်။
အတန်းပြေးတာဆို ပိုမှန်တယ်။ နေသစ်
တို့ Band မှာ မေဂျာစုံက လူတွေပါတာ
မို့ အချိန်ဇယားက ဆွဲထားပြီးသား။
အဲ့အချိန် ကျူတိုရှိတာကလွဲရင် မဖြစ်
မနေ သွားလေ့ကျင့်ရတယ်။ နောက်ပြီး
ဘောလုံးအသင်း ။ ပါချုပ်ဖလား
အတွက် မေဂျာလိုက်လေ့ကျင့်ရသလို
ကျောင်းလက်ရွေးစင်ဖြစ်ဖို့ကလည်း
ထရိန်နင်မပြတ်ဆင်းရသေးတယ်။
ဒါမှ ကျောင်းပေါင်းစုံတက္ကသိုလ်ဖလား
ပွဲရောက်ရင် အရန်ခုံမှာ မထိုင်ရမှာ။
လွယ်တော့မလွယ်ဘူး။ နေသစ်တို့
IT က လူနည်းတဲ့ အပြင် မိန်းကလေး
အင်အားတောင့်တဲ့ မေဂျာ။ ရှိစုမဲ့စု
ယောကျာ်းလေး ဘောလုံးအသင်းထဲ
မေဂျာကင်း ဖြစ်တဲ့ နေသစ်ကို စီနီယာ
တွေက ဆွဲထည့်သည်။ ပရိုမိုးရှင်းအတွက်တဲ့...
အမှန်က နေသစ်က မေဂျာကင်းမဟုတ်
ပထမနှစ်စတက်တော့ မေဂျာမှာနာမည်
ကြီးတာ နေသစ်ရယ် မိုးလွင်ရယ် နောက် ကျောင်းပြောင်းသွားတဲ့တစ်
ယောက်။ နာမည်တော့ မမှတ်မိတော့ဘူး။ အဲ့မှာ စကာတင်ထဲ နေသစ်ကို
ထည့်မယ် မိတ်ကပ်နည်းနည်းပုတ်ပြီး ဗုတ်တင်အတွက် ဓာတ်ပုံရိုက်ရမယ်လည်းဆိုရော နေသစ်ကို ဌာနမှာကို
ရှာမရတော့တာ။ မမကြီးနဲ့ မမလေးကတော့ အားတက်သရော တိုက်တွန်းပေမဲ့ နေသစ်က ရှက်တယ်။ ကင်းလည်း မဖြစ်ချင်။ မိန်းကလေးတွေကြားထဲလည်းရေပန်းမစားချင်။ တစ်
ယောက်မှကိုလည်း ပြန်မကြိုက်နိုင်မဲ့အတူတူတော့ နေသစ် ဒီကျောင်း၆နှစ်မှာ သူလိုငါလိုပဲပြီးသွားချင်တယ်။ဒါနဲ့
ကင်းရှောင်ချင်တာနဲ့ ဂီတ အသင်းမှာ
ပဲ Band ဖွဲ့မယ်ဆိုပြီးသွားအရွေးခံတယ်။ အဲ့မှာ ခန့် နဲ့စတွေ့တာ။ ခန့်က
အစက ဟောလိုဂစ်တာပဲတီးတတ်တာ
ဗေ့စ်တီးဖို့ နေသစ်ကပဲ ဆွယ်တရားဟောပြီး ခန့်ကိုပါ တွဲခေါ်လိုက်တာပဲ။
ကင်းလွှဲရှောင်စစ်ဆင်ရေးကနေ
ရတဲ့အကျိုးက ခန့် နဲ့ သူငယ်ချင်းဖြစ်ခဲ့တာ။ ဒါပေမဲ့ ကင်းရွေးပွဲကို နေသစ်ဝင်မပါဖြစ်ခဲ့ဘူး။ ကျောင်းပြောင်းတဲ့တစ်
ယောက်က ကင်းဖြစ်ပြီး မိုးလွင်က
ပရင့် ဖြစ်တယ်။ ဒါနဲ့လွတ်ပြီထင်တာ
မဟုတ်ခဲ့ဘူး။ ဝဲကမ်းပွဲမှာ စီနီယာအစ်မတွေက တကယ့်ကင်းကိုစိတ်တိုင်းမကျဘဲ နေသစ်အကောင့်ကိုရှာပြီးဝုန်းတယ်။
အိုင်တီက ကင်း​ဖြစ်မှာစိုးလို့ရှောင်ပြေး
တဲ့ကောင်လေးဆိုပြီး တကယ့်ကင်းထက် နာမည်ထွက်လာရော...
နောက် ကျောင်းက Bandမှာ ဗေ့စ်တီး
နေတဲ့ ပုံတွေပါအသင်းကထတင်နဲ့
တော်တော်လေး ပွတ်လောရိုက်လို့ ခန့်
စနောက်တာ ခံလိုက်ရသေးတယ်။
နောက်တော့ ဘောလုံးအသင်းကပါ
လာခေါ်တော့ အတန်းသေချာတက်ရ
တယ်ကို မရှိတော့တဲ့ ဘဝရောက်သွား
တော့တာပဲ။
မတတ်နိုင်။ အထက်တန်းတုန်းက သေ
ချာလေ့ကျင့်ခဲ့တာက တင်းနစ်ရိုက်တာ
ဘောလုံးက အပျင်းပြေကန်တာ။ ဒါပေ
မဲ့ တင်းနစ်မှာက မိန်းကလေးတွေ ပြုံ
နေပြီ မေဂျာဘောလုံးအသင်းမှာက
အင်အားနည်းနေတယ်။ ကျောင်းပြီးသွားတဲ့  6BE တွေနေရာမှာ လိုတယ်ဆိုတာနဲ့ နေသစ်ဝင်လိုက်ရတာ။
အစကတော့ပင်ပန်းနေပြီမို့ မေဂျာအတွက်ပဲ ဝင်ကန်မယ်စိတ်ကူးပေမဲ့ ပြီးခဲ့တဲ့ Civil နဲ့ ပွဲအပြီး နေသစ်စိတ်ကူးပြောင်းသွားရတာပါ။

မြေ့Where stories live. Discover now