အပိုင်း ၂၆

43.4K 4.3K 881
                                    

နည်းပညာကျောင်းများ၏ ကျောင်းသားများ၏ ဘဝသည် ရေးဖြေစာမေးပွဲများပြီးသွားသော်လည်း မကျွတ်လွတ်နိုင်ကြ။
စာမေးပွဲများပြီးသည်နှင့် လက်တွေ့ဆင်းခြင်း ၊ တစ်နှစ်စာ ပရော့ဂျက်နှင့် နှုတ်မေးနှုတ်ဖြေ စာမေးပွဲများကက အသင့်စောင့်ကြိုနေတတ်သည်။
ဒီနှစ်အတွက်တော့ နေသစ်က အခွင့်ထူး
ခံဖြစ်သွားရသည်။ ခုံနံပါတ်ကပ်လျက်ရှိသော သူများနှင့် ဖွဲ့စည်းထားသော ပရော့ဂျက်အဖွဲ့သည် နေသစ်ကို
အနားပေးထားကြသည်။ သူ့ခြေထောက်အခြေအနေက ကောင်းကောင်းမသွားနိုင်
မလာနိုင်သေး၍ အိမ်မှာပင်နေ၍ ဗီဒီယိုကော်လ် ခေါ်ခြင်းဖြင့် ဆွေးနွေး​ကြ။ စာရိုက်ခြင်းကဲ့သို့ သေးသေးမွှားမွှားကိစ္စလေးတွေကိုသာ လုပ်ခိုင်းကြ၏။

အိမ်ထဲမှအိမ်ပြင်လုံးဝမထွက်ရသည်တော့မဟုတ်။ ကျောင်းသွားတက်မည့်ကိစ္စအတွက် မမလတ် နှင့် ဖေကြီးက အကုန်လုပ်ပေးနေကြသော်လည်း လူကိုယ်တိုင်လိုက်ရမည့် ကိစ္စများတွင်တော့ နေသစ်အပြင်ထွက်ရသည်။ ကိစ္စပြီးသည်နှင့် အိမ်ကိုသာပြန်လာရသည်။ အရင်လို စကွက်နှင့်ဟိုဟိုဒီဒီလျှောက်မလှိမ့်နိုင်ပေမဲ့ သူငယ်ချင်းများက နောက်ချန်မထားခဲ့ပါ။ နေသစ်သွားတော့မည်ဆိုတာ သေချာနေပြီဖြစ်၍
မကြာခဏဆိုသည့် အကြိမ်ရေထက်ပိုကာအိမ်သို့လာတွေ့ကြ၏။ ကိုဒွန်းနှင့်တော့စာမေးပွဲနောက်ဆုံးနေ့နောက်ပိုင်းလူချင်းမတွေ့ဖြစ်ကြ...သူလည်းသင်္ဘောပြန်တက်ဖို့ ရာထူးတိုးစာမေးပွဲဖြေရန် အာရုံစိုက်နေခဲ့ပြီဖြစ်၍ အရင်လို မအားလပ်တော့သည်လည်းပါမည်။

ခန့် နှင့်တော့ စာချင်းအဆက်အသွယ်ရှိ
သည်။ ခန့် နှင့် မိုးရိပ်တို့ နှစ်ယောက်တွဲ
ပုံတင်တိုင်း အရင်လိုကျော်မသွားဖြစ်တော့။ တုံ့ပြန်မှုတစ်ခုတော့ အနည်းဆုံး
​ပေးဖြစ်ခဲ့သည်။ ခန့်အဆင်ပြေ ၊ မပြေကိုသေချာမ​သိနိုင်သော်လည်း ခန့်ကိုတော့ဖြင့် သူယုံကြည်သည်။ ခန့် သည် ခန့်ညီလိုမဟုတ်။ အခြေအနေနှင့် ကိုက်ညီအောင်လိုက်လျောညီထွေနေထိုင်တတ်သည်။
အကူအညီလိုကလည်း အကောင်းဆုံး
အကြံဥာဏ်ပေးနိုင်သူတွေထံမှ အကြံ
ဥာဏ်ကောင်းများရယူတတ်သည်။ နောက်ပြီး ခန့်မှာက Aura မှာ ကိုထွေး
နှင့်ဝေဠုတို့ရှိသည်သာမက သူ၏ အနီးကပ်သူငယ်ချင်းများလည်းရှိသည်။ ခန့်ညီမှာက သူ့ကိုတစ်ဖက်သတ်ကြိတ်ပုန်းကြွေနေသော ထွန်းကိုကိုသာရှိသည်။

မြေ့Where stories live. Discover now