အပိုင်း ၄

41.8K 4.6K 515
                                    

"ခန့်..."

"Ohh...ကျေးဇူးပါဗျာ"

ဝယ်လာပေးသော ဘလက်ကော်ဖီအေး
ကို ချက်ချင်းလှမ်းယူကာ အားပါးတရ
တစ်ငုံ့စုပ်သောက်သည်။ နေသစ်သိ
တယ်လေ။ Green House က ဘလက်
ကော်ဖီအေး ကို ခန့် စွဲနေတယ်ဆိုတာ...
ဒါကြောင့် လေ့ကျင့်ချိန်မတိုင်ခင် အတန်းဆင်းတာနဲ့ ကန်တင်းကို ပြေး
ပြီး ဝယ်လာပေးတာ။

နေသစ်ရောက်တော့ ပါချုပ်ကိုယ်တိုင်အပိုင်စားပေးထားတဲ့ ဂီတခန်းမှာ လူ
မစုံသေး။ အော်ဂင်တီးတဲ့ EP 2BEက
ဝေဠုရယ်... မိန်းကလေးအဆိုရှင် ဖြစ်
တဲ့ Archi 5BE က အစ်မသစ်သစ်သွင် ရယ်ပဲရောက်သေးသည်။ နေသစ်က
ခန့်အတွက်ပဲ ဝယ်လာတာမြင်တော့ အစ်မကလှမ်းနောက်တော့သည်။

"အိုင်တီ ကင်းကြီးကတော့နော်...Civil
ပရင့်လေးကိုပဲမြင်တယ်" ဟူ၍ပေါ့။

နေသစ်လိမ်ရတော့သည်။

"ကျွန်တော့်ကို သူ လှမ်းမှာလိုက်လို့ပါဗျာ။ နောက်နေ့မှ ကိုယ့်အစ်မကြိုက်တဲ့
Jelly Shake ဝယ်တိုက်မယ်"

"ဒါဆို ကျွန်တော့်ကိုလည်းတစ်ခွက်နော် ကိုနေသစ်"

"အေးပါ ဝေဠုရာ...ငါ့ Milo Shake
သောက်မလား...ရော့"

"Miloသောက်ရအောင် ကလေးလား
အဲ့လိုချိုချိုတွေသောက်တာ ကိုနေသစ်ပဲ ရှိတယ်"

"ဒီမအေ...လေးကတော့"

နေသစ် နဲ့ ဝေဠု ပြောနေသည်များကို
အစ်မကရော ခန့် ကပါ တခွီးခွီးနဲ့ရယ်
ကြသည်။ ခန့် ရယ်တာတွေ့တော့
သောက်ကလေး ကိုပဲ နပန်ကျင်းရမလား လက်ထဲကိုင်ထားတဲ့ မိုင်လိုအအေးခွက်ကိုပဲ ချရမလားနှင့် နေသစ်
နေရခက်သွားသည်။

"အပိုတွေ ပြောမနေနဲ့တော့ ဝေဠု။ မင်း တီးရမယ့် ဟာတွေ ရပြီလား"

"ရပြီ။ ဒီနေ့ ငါးပုဒ်လေ့ကျင့်မှာဆို...
ကိုထွေး က မနေ့ညကတော့ နောက်ကျ
တဲ့ကောင် ဘာညာနဲ့ပြောပြီး သူကိုယ်
တိုင်နောက်ကျနေတယ်"

Band ခေါင်းဆောင်ဖြစ်တဲ့ ကိုဝဏ္ဏထွေး ကို အငယ်ဆုံးက ပွစိပွစိပြော
နေပေမဲ့ အကြီးတွေက ဝင်မဟန့်။ လူ
မိုက်ငှါးနေတာသိတော့ ခန့်က ကြိုးညှိ
နေရင်းမှ မျက်စပစ်ပြတယ်။
အာကွာ...အဲ့ပုံက ချောလိုက်တာ။ ဒါနဲ့
ပဲ Note စာရွက်တွေ ကြည့်သလိုလိုဘာ
လိုလိုနဲ့ ခန့် ပခုံးကို လက်တစ်ဖက်တင်
ပြီး ခန့်နောက်ဖက်ကနေ ကလစ်နဲ့
ညှပ်ထားတဲ့ Noteတွေကိုကုန်းကြည့်
နေလိုက်သည်။ နားနောက်နားလေးက
နေ ရေမွှေးနံ့လေးရလိုက်သလိုပဲ။ သေ
တော့ မသေချာ...

မြေ့Where stories live. Discover now