အပိုင်း ၅

39.3K 4.3K 380
                                    

ဖုန်းကိုဖွင့်လိုက်သည်နှင့် ပထမဆုံးတက်လာတဲ့ နိုတီကြောင့် နေသစ်ရင်ထဲထိတ်ခနဲ။

အတန်းရှေ့မှာ ကထိက က ထွက်သွား
ပေမဲ့ အီးစီကတော့ အတန်းတက်အ
တွက် တစ်ယောက်ချင်းစီရ​ဲ့ခုံနံပါတ်
တွေကိုခေါ်နေသည်။ အရင်ကဆို
ဒီလိုအချိန်ဆို ရှိကြောင်းပြဖို့ ဖင်တကြွ
ကြွ လက်တစ်မြှောက်မြှောက်နဲ့ဖြစ်
တတ်တယ်။ ဘာလို့ဆို ရှားပါးအတန်း
တက်ချိန်လေး အတန်းတက်လိုချင်တာ
ကိုး...အခုတော့ ဒါတွေဂရုမစိုက်နိုင်။
နိုတီထဲကို ဝင်ကြည့်မိသည်။

K.will be [ ကျွန်တော် ဒီည 7:00PM
မှာ  coaching session ယူလို့ရ
မလားခင်ဗျာ]

နေသစ် ရင်တုန်စွာနဲ့ပဲ လက်ခံလိုက်ရ
တော့သည်။ ဘာတွေပြောမှာလဲ။
နေသစ်ဖွင့်ပြောပြီးတည်းက ​ပျောက်
သွားတဲ့ သူက အခုမှဘာလို့လမ်းညွှန်မှုပြန်ယူချင်ရတာလဲ။ များသောအားဖြင့်
လူတွေ ဘာကြာင့်လမ်းညွှန်ပေးသူဆီရောက်လာကြတာလဲ။ အဖြေကရှင်း
ရှင်းလေး၊ ပြဿနာတွေကို သူတို့ကိုယ်
တိုင်ရော သူတို့အနားမှာရှိနေပေးတဲ့ လူ
တွေကပါ ကိုင်တွယ်ဖြေရှင်းမပေးနိုင်
တော့လို့ပဲ။ အဲ့အခြေအနေဆိုရင် လူတွေ တကယ်ကို ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေကြားရောက်နေကြပြီ။
စတင်ရုန်းထွက်နိုင်ဖို့ အထိအခိုက်အ
နည်းဆုံးလမ်းကို လမ်းညွှန်သူတွေဆီ
ကနေတောင်းခံကြရသည်။

"နေသစ်"

"ဟေ့ကောင် နေသစ်"

အီးစီက အတန်းထိပ်ကနေလှမ်းဟောက်၏။ နေသစ်အယောင်ယောင်း
အမှားမှားဖြင့် ခေါင်းထောင်မှ

"ငါ့ အဖတ်လုပ်ပြီး ထူးကွ" ဟု ထပ်
ပြောသည်။

နေသစ် အမြန်တောင်းပန်လိုက်ရသည်။ဒါနဲ့မပြီး နောက် တစ်ချိန်အတွက်ပါ ကြံဖန်ပေးဖို့ပြောခဲ့ပြီး အတန်းထဲက
ထွက်လာခဲ့လိုက်တယ်။
မက်ချ်ဆေ့ဖတ်ပြီးပြီးချင်း အတန်း
ထဲကထွက်တော့ မိအရုဏ်က မကြား
တကြားလှမ်းပြောသည်။

"လင်တော်မောင် ကို သွားဖူးပြီလေ"
တဲ့။

ပြန်လှန်ချေပမနေတော့။ တကယ်လည်းမျက်နှာတော်လေးကို သွားဖူး
ချင်နေမိသည်။ ခန့် က အပြင်ပန်း
က တည်ငြိမ်လွန်းသည်။ ရေခဲပြင်လေးတစ်ချပ်လိုပဲ။ ကြည့်လိုက်ရင် အေး
အေးချမ်းချမ်း ငြိမ်ငြိမ်သက်သက်လေး
စိတ်ဆိုးခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်း
စတဲ့ မကောင်းတဲ့စိတ်ခံစားချက်ကို
ဖော်ပြတာမျိုး ခန့်  ဘယ်တော့မှ
မလုပ်။ အစဥ်အမြဲ ခန့်  ပါးပါးလေး
သာ ပြုံးတယ်။ သဘောတကျရှိရင် သွားတန်းလေးတွေပေါ်လာအောင်ရယ်
တယ်။ နေသစ်တို့ ဝါးလုံးကွဲအောင်ရယ်
တဲ့ ဟာသတွေဆို ခန့်က ရယ်သံသေး
သေးတိုးတိုးလေးထွက်ပြီးသာရယ်
တတ်တယ်။ ခန့် ရဲ့ စိတ်ခံစားချက်​ဖော်
ပြမှုတွေမှာ အားနည်းလွန်းတယ်။ အခုလိုသုံးနှစ်ကြာအောင်ပေါင်းသင်းပြီးမှ
ခန့်က အရင်ကထက် မင်း တွေ ငါတွေနဲ့ ခေါ်ပြောဆက်ဆံလာတတ်တာဖြစ်၏ ထိန်းချုပ်လွန်းနေပြီး ခန့် ကို ကြည့်ရင် ရှေးရှေးက မင်းညီမင်းသားတစ်ပါးထိန်းသိမ်းတတ်သော ရာဇဣ​နြ္ဒေမျိုးတို့ဖြင့် ခန့် က ငြိမ်သိမ်လွန်းသည်။
ဒါကြောင့်ပဲ နေသစ်က စိတ်ပူတာပင်။

မြေ့Where stories live. Discover now