အပိုင်း ၁၄

33.1K 4K 737
                                    

ရေချိုးခန်းထဲမှနေ၍ အခန်းထဲပြန်ဝင်
လာလာချင်း ခုတင်ပေါ်တင်ထားသော
ဖုန်းက ထမြည်လာသည်။ ဖုန်းကိုကောက်ကိုင်လိုက်ချင်းမှာပင် နေသစ်ကို မျက်လုံးပြူးသွားစေသည်။ သကောင့်သား နာမည်ကို ဘယ်တုန်းကမှ
မမှတ်ထားပါဘဲ ဖုန်းရဲ့ မှတ်တမ်းထဲ
အခန့်သားရောက်နေသည်။ ဟိုညက
လက်ကမြင်းလိုက်တာ ဖြစ်မည်။
မှတ်ထားတာလည်းကြည့် သူ့ကိုယ်သူကိုခန့်ညီ ဆိုပဲ။

မကိုင်မချင်းခေါ်နေမည်ဖြစ်သော်
ကြောင့်ရော ဆဲချင်လွန်း၍ ကောက်
ကိုင်လိုက်ပြီးပြီးချင်းမှာပင်

" မင်းအစ်ကိုပေးထားလို့ မင်း ကို  'ကို'တပ် ခေါ်ပေးရမှာလား...မအေပေး
ရဲ့"

"ငါလည်း မင်းနာမည်ရှေ့ 'ကို'တပ်ရေး
ပေးထားတယ်"

နေသစ်ဘာဆက်ပြောရမှန်းမသိ။ သင်းနဲ့ နေသစ်ဆိုတာ စောစောစီးစီးဖုန်းဆက်စရာအကြာင်းကိုမရှိသင့်ဆက်
ဆံရေး...

"ဘာကိစ္စလဲ"

"ငါ မင်း တို့ ဗီလာဂိတ်ပေါက်ရှေ့
မှာ ရောက်နေပြီ"

"အဲ့တော့ ငါက လာထိုင်ရှိခိုးရမှာလား"

"ကျောင်းသွားဖို့ လာခေါ်တာလေ...
ရှိခိုးစရာမှ မလိုတာ"

နေသစ် အံ့သြရလွန်း၍ ရုတ်တရက်ဘာ
ပြောရမှန်းတောင်မသိဖြစ်သွားရ၏။

"နေပါဦး ငါ့ ကျောင်းလိုက်ပို့ရအောင်
ငါက ကျောင်းမသွားတတ်တဲ့ သူငယ်
တန်းလေးလည်းမဟုတ်ဘူး။ ငါ့ကား
ငါ့မောင်းပြီးကျောင်းသွားနေတာကို
မင်းကားဘာလို့ ကပ်စီးရမှာလဲ"

"ငါက မင်းယောကျာ်းလေ...မင်း ကို
ကျောင်းလိုက်ပို့ရမှာပေါ့...ကိုကို ဆို
လည်း မိုးရိပ်ကို အဲ့လိုသွားကြိုကြိုနေ
ကျပဲ"

ဒီသေါက်အပြားလိုကောင်နဲ့တော့ နေသစ် ဆွံ့အပြီးရင်း ဆွံ့အ ၍သာနေပါ
တော့သည်။ ဒေါသနှင့် ပေါင်းဖော်ဆွေ
ဖက် ခံစားချက်များကိုလည်း တစ်ပြိုင်
နက်တည်း ခံစားလိုက်ရ၍ ရေချိုးပြီးစ
မှာပင် ပူလောင်လာရသည်။

"ဟက် ! လာကြိုမယ့်ကြို အိမ်ထိလာ
ရဲရမှာပေါ့ကွ...ငါက ဘာလို့ အဝေးကြီး
လမ်းလျှောက်ပြီး မင်းဆီလာရမှာလဲ"

မြေ့Where stories live. Discover now