EXTRA III

59.8K 4.8K 1K
                                    

နေ့ရက်တွေတိုင်းဟာ အချစ်တွေနဲ့​ပြည့်
နေတာမျိုးတော့ မဟုတ်ဘူးပေါ့။ မနက်
မိုးလင်းမျက်လုံးနှစ်လုံးပွင့်ပြီဆိုတည်းကအိမ်အလုပ်တွေကို လိုက်လုပ်ပေးကြရ၏။
ခန့်ညီသည်က မေကြီးအသဲတုံး။ မဖြစ်
လည်းခံနိုင်ရိုးလား။ မေကြီးကိုနေသစ်တို့မောင်နှမတွေက ဘယ်တုန်းကမှ စျေးလိုက်မပို့ဖူးဘူး။ မေကြီးက တက်စီငှါးသွားနေကျ။ အခုတော့ ခန့်ညီက ကိုယ်တိုင်မောင်းပို့။ ပို့ပြီးလည်းစျေးပေါက်ဝမှာထိုင်စောင့်နေတာမျိုးမဟုတ်ဘူး။
အနောက်ကနေ မေကြီးကို ခြင်းတောင်းဆွဲပေးတယ်ဆိုတော့ မေကြီးအရှိုက်ထိ ဟက်ထိတွေပြီးမေကြီးသားလေး ဆိုတာကိုဖြစ်ရောပေါ့။

ပြန်လာရင်လည်း ဝိုင်းကူပေးသေးသည်။
နေသစ်လို လိုက်ရှုပ်တာမဟုတ်။ အမှန်
အကန် ကြက်သွန်ခွါ ၊ ငရုတ်သီးကျိတ်
နဲ့ တစ်ခါတလေ ပုဇွန်ခွါ ၊ ချည်ပေါင်ရွက်ခြွေတာက အစ လုပ်ပေး၏။ တတ်လို့တော့မဟုတ်။ မေကြီးသင်ပြရင် တစ်ခါတည်းကြည့်ပြီး သူသဘောပေါက်၏။
Roll one ဦးနှောက်က နည်းနည်းတော့
လန့်စရာပါပဲ။ ခန့်ညီက အခုလိုတွေအပိုးကျိုးပြနေတော့ နေသစ်လည်းလက်လျားလက်လျားမနေရ။ မနက်ဆိုဖေကြီးရုံးကို ကားမောင်းလိုက်ပို့ရသည်။ ခြံထဲသစ်ရွက်ခြောက်ကောက်ရသည်။ အမှိုက်သွန်ရ၏။

နိစ္စဓူဝ သားလိမ္မာလေးအဖြစ်ဖြတ်သန်း
ရပေမဲ့ ယောကျာ်းကောင်းလေးတော့မဖြစ်သေး။ ခန့်ညီက စိတ်လှုပ်ရှားမှုနည်း
ပါးလွန်းတာလား။ နေ့သစ်ကိုယ်တိုင်ကပဲဆွဲဆောင်မှုအားနည်းတာလားမသိ။
ဒါမှမဟုတ် ကယုကယင်ပဲချစ်ရတာကို
သဘောကျနေမိလို့လားမသိ။ ယနေ့ချိန်
အထိ အစ်ကိုကြီးနဲ့ ညီငယ်လေးလို
ဖြစ်နေကြ၏။
ညဖက်အိပ်ရင် ရေချိုးပြီးအိပ်တတ်ကြလို့မွှေးမွှေးလေးဖြစ်နေတဲ့ ပါးနဲ့ နှုတ်ခမ်းလေးကို တမွမွလုပ်တာကလွဲပြီး ဘာမှဆက်မဖြစ်ဘူး။ တစ်ကိုယ်လုံးနစ်ဝင်နေအောင်ဖက်လည်း ခန့်ညီက အေးအေးသက်သာပဲ
အိပ်ပျော်သွားတတ်၏။ နေသစ်အခွခံလည်းကလေးတစ်ယောက်မွှေးပွရုပ်ကြီးလက်ဆောင်ရသလို အားပါးတရ ခွဖက်ပြီး အိပ်တာပဲ။ ခန့်ညီ ဒီလေါက်ကြည်စင်နေတာကို အံ့သြရသည်။

မြေ့Where stories live. Discover now