အပိုင်း ၂၄

35.5K 4.2K 640
                                    

"နေသစ်ထွန်း ဆိုတဲ့ အတိုင်း နေလိုမီးလိုပူတဲ့ကောင်"

အဖေနဲ့ အတူ အိမ်ရှေ့ပေါက်ဝတွင် ဖိနပ်ချွတ်နေစဥ်မှာပင်  အမေ့အသံကိုကြားလိုက်ရသည်။ အဖေသည် ခန့်ညီပခုံးကို ခပ်ဖွဖွပုတ်ပြီး "ဝင်မပါနဲ့" ဟူသော စကားကိုအသံတိတ်ပြောပြီး အိမ်ထဲတန်းဝင်သွားသည်။
ခန့်ညီတစ်ယောက်တည်းဧည့်ခန်းထဲတွင်ထိုင်နေဖြစ်၏။အိမ်အလယ်ခန်းမှစကားသံတို့ကဖြင့် ခန့်ညီရှိရာအိမ်ရှေ့ဧည့်ခန်းထိ ရောက်လာနေသည်။

"အဲ့ကောင်လေးကိုက ပြဿနာကောင်လေး။ ဒီလောက် ယတြာတွေသွားချေထားလို့သာပဲ သားကြီးဒုက္ခမရောက်တာ"

"အဲ့ဒါတွေကြောင့်ပဲ မေမေရှောင်လွဲလိုက်တဲ့ အဆိုးတွေ ညီညီ့ဆီ ရောက်သွားတာပေါ့။"

​အမေအသံပျောက်သွားပြီး လိုတာထက်ပိုကျယ်နေသော အခန်းတံခါးပိတ်သံကို ကြားလိုက်ရသည် ။ မကြာပါ။ အမေသည် အိမ်ထဲဝင်သွားသောအဖေ့ကို မြင်သွားပုံပါပဲ။ အဖေ့ကိုမေးနေသံများ ထပ်မံကြားရပြန်သည်။

"ဘာတဲ့လဲ။ ကျောင်းထုတ်ခံလိုက်ရပြီလား"

"မဟုတ်တာတွေ ကလျာရာ..."

အဖေသည် ထုံးစံအတိုင်း လေသံအေးအေးဖြင့် ငြင်းဆိုပေမဲ့လည်း အမေ့
အသံကဖြင့် အားလျော့မသွား။

"လိုင်းပေါ်မှာ တက်နေတာတွေရော ရှင်
မြင်ပြီးပြီလား ကိုကျော်အောင်။ အငယ်
ကောင်ကို ဘာတွေပြောနေကြတယ်ဆို
တာ။ ဟမ် အစတည်းက အဲ့နေသစ်ထွန်းဆိုတဲ့ ကောင်လေးက သားကြီးနဲ့ ပရော်ပရီတွေလုပ်တာ။ ဟော အခုသားကြီးက အတင်းခွါရော...အငယ်ကောင်ကိုသွားကပ်တာ။ နေဦး အိမ်ကကောင်ကိုလည်းမေးရမယ်"

"ကလျာ...မင်းထင်တာမြင်တာတွေနဲ့
ကလေးတွေကို မစွပ်စွဲနဲ့ကွ"

"စွပ်စွဲတာ မဟုတ်ဘူး။ မေးတာလေ
အမေတစ်ယောက်အနေနဲ့ မေးရမှာ"

အသံတွေက ပိုနီးကပ်လာပြီး မကြာ။ အမေသည် ဧည့်ခန်းထဲသို့ ရောက်ရှိလာ၏။
မနက်က ဆိုင်မသွားခင် ဝတ်စားသွား
သော  အဝတ်အစားအတိုင်းပဲ ရှိနေ၍
အိမ်ပြန်ရောက်သည်မှာ မကြာသေးပုံပင်။
ခန့်ညီတို့ အမေသည် အဖေ့ထက်ပို၍ သွက်လက်ချက်ချာသည်။ ကုန်သည်မျိုးရိုးကဆင်းသက်လာပြီး ကိုယ်တိုင်လည်း ဗိုလ်ချုပ်စျေးလိုနေရာမျိုးတွင် အထည်ဆိုင်ဖွင့်ထားနိုင်၍ မျက်စိဖွင့်
နားပွင့်ရှိသည်။ ဖုန်းနဲ့လည်း ကင်းကွာနေသူမဟုတ်၍ လိုင်းပေါ်တွင် ဖြစ်ပျက်သမျှအခြေအနေတွေအကုန်လုံးကို သိနေတတ်သည်။
ခန့်ညီအကြောင်းဆို လျစ်လျူရှုကျင့်ရ
နေပြီဖြစ်သော အမေသည် မနေ့က ဘောလုံးပွဲပြီးသည်အထိ အထွေအထူးမရှိသေး။ ဒီနေ့ မနက် ကျောင်းဘောလုံးအသင်းတာဝန်ခံမှ ခေါ်တွေ့မည်ဆိုမှ အကြောင်းစုံသိသွားခြင်းဖြစ်သည်။ တကယ်တမ်းကျောင်းကို အဖေသာ လိုက်ပေးပေမဲ့အမေ့ဒေါသကတော့ ပြေသေးပုံမရ။

မြေ့Where stories live. Discover now