အပိုင်း ၁၆

32.7K 4K 355
                                    

ကိုယ်ကပြဿနာတွေကို မီးထွန်းမရှာရင်တောင်ပြဿနာတွေက ကိုယ့်ကိုစလိုက်မီးထိုးပြီး လာရှာတတ်တယ်။

# နေသစ်ထွန်း

                          ¸¸♬·¯·♩¸¸♪·¯·♫¸¸မြေ့¸¸♫·¯·♪¸¸♩·¯·♬¸¸

နေ့ရက်တွေက ပုံမှန်ပေမဲ့ ပုံမှန်မဟုတ်
တဲ့လူတွေဝိုင်းခံနေရတော့ လူကလည်း
ပုံမှန်မဟုတ်တော့ပါ။
ဟုတ်ပါတယ်။ တစ်ဖက်သတ်အိမ်
ထောင်ကျနေသလိုလို ၊ တိတ်တိတ်ပုန်း
ပဲ ညားနေကြသလို ဖြစ်နေသော ဆက်
ဆံရေးကတစ်ဖက် ၊ ဟိုဖက်ကိုလည်း
မလွှတ်နိုင်သလို ဒီဖက်ကိုလည်း လာချင်ချင် စိတ်ယိုင်နေတဲ့ လူကတစ်မျိုး
နှင့် အစားထိုးတာလား အသားတိုးဖို့
လားမသိ ပေါ်တင်ချဥ်းကပ်လာသူ
က တစ်ဖုံနှင့်မို့ နေသစ်နေမပျော်တာ
ရက်အနည်းငယ်ရှိပြီဖြစ်သည်။

သီချင်းတိုက်ဖို့ရန် ကျောင်းသို့စောစော
သွားရမည့်နေ့တွေအတွက် ဖုန်းဆက်
နှိုးပေးမည့် ကိုကြီးတစ်ယောက်ရှိလာသည်။

တစ်ဆက်တည်းမှာပဲ လူကိုယ်တိုင်
လာမကြိုနိုင်ခြင်းအတွက် တောင်းပန်
စာ တစ်သီတစ်တန်းနှင့် ဘယ်အချိန်လာတွေ့ပေးမယ်ဟူသောတစ်ဖက်သတ် ချိန်းဆိုစာများက ဖျက်လို့ပင် မနိုင်တော့။

အခုနောက်ပိုင်းဆိုရင် ခန့် တစ်ယောက်ကိုပဲ ဖွင့်မပြောဘဲ တိတ်တိတ်လေးသဘောကျနေမိရင် ကောင်းသားဟုတွေးမိတဲ့ အချိန်တွေရှိလာသည်။
ထို့သို့သော အတွေးကိုတွေးမိလာစေသည်က အပေါ်မှအနှီပုဂ္ဂိုလ်ထူးနှစ်ယောက်ကြောင့်ဖြစ်သည်။ ကိုယ်က တစ်ဖက်သူကို လိုက်ရတာက ပင်ပန်းတယ်ပဲ ထင်ခဲ့တာ...တကယ်တော့ အလိုက်ခံရတာက ပိုပင်ပန်းစေ၏။ နာကျင်လည်းနာကျင်စေသည်။

[ငါ အိမ်ပြန်ရောက်ပြီ]

[အခုမှ ရေချိုးပြီးတာ။ ထမင်းစား
တော့မလို့]

[ငါ စာကြည့်တော့မယ်နော်...လိုင်းပိတ်
ထားမှာမို့ စာမပြန်မိရင်လည်း စိတ်မဆိုးနဲ့ကွာ]

[ဟိုနေ့က ကန်တင်းလိုက်မထိုင်ပေးဖြစ်
တာ တောင်းပန်တယ်]

[ထွန်းကိုနဲ့ ငါ့ကိုတော့ အထင်မလွဲဘူး
မဟုတ်လား]

မြေ့Where stories live. Discover now