အပိုင်း ၈

31.7K 3.9K 243
                                    

လမ်းဆုံက ဘုန်းကြီးကျောင်းသို့လှူ
ဖွယ်ပစ္စည်းအစုံအလင်ဖြင့်ချီတက်
ကြသည်။ ကျောင်း၏ ပရဟိတအသင်း
က ဦးစီးကျင်းပသည့် ဤအလှူပွဲတွင်
နေသစ်တို့ Aura က တစ်တက်တအားပါဝင်ဖြစ်သည်။ ဘုန်းကြီးကျောင်းဆို
သော်ငြား ကျောင်းထိုင်ဆရာတော်က
စစ်ဖြစ်တဲ့ဒေသတွေမှ တိုင်းရင်းသား
ကလေးတွေကို လက်ခံစောင့်ရှောက်
ပြီး ဆရာတော့်ကျောင်းနဲ့ မျက်နှာချင်း
ဆိုင်တွင်ရှိသော အစိုးရ ကျောင်းလေး
တွင် ကျောင်းထားပေးသည်။

ကလေးတွေက မနည်းလှ။ ကလေးတွေအတွက်လိုအပ်တဲ့ စာရေးကိရိယာတွေ နဲ့ အဆာပြေ မုန့်ပဲသရေစာ၊
အပျိုအရွယ်လေးတွေပါရှိ၍ အမျိုးသမီးလစဥ်သုံး တွေ
က အစ ပရဟိတအသင်းက စီစဥ်ပြီး
လှူဒါန်းပေးကြသည်။ နေသစ်တို့Auraကတော့ အလှူငွေကောက်ခံရေးမှာတာဝန်ယူဖြစ်သည်။ တစ်
တန်းဝင်တစ်တန်းထွက် အလှူငွေလိုက်
ကောက်တာလည်းရှိသလို လွန်ခဲ့တဲ့
ရက်တွေကမှ နေခန့် စုံတွဲသဘောတူ
သူတွေ၏ ဆော်သြမှုကြောင့် အလှူ
ငွေတွေက အားရစရာကောင်းလောက်
အောင်ကိုထပ်မံတိုးပွါးခဲ့သည်။ ထိုမျှ
မက အရင်က အလှူလုပ်မည့်နေ့
တွင်လိုက်ပါရန် စာရင်းပေးသူက နည်း
နည်းသာ ရှိပေမဲ့ တကယ့်တကယ်ရေ
စက်ကျမည့်နေ့တွင်တော့ ကျောင်းရဲ့
မိန်းကလေးအင်အားထုဖြင့် ကျောင်း
ဝန်းပင်လျှံထွက်မတတ်။ ကားမစီစဥ်
ပေးနိုင်တော့ဘူးလို့ ပရဟိတအသင်းက
ပြောတာတောင် ကိုယ့်အစီအစဥ်နဲ့
ကိုယ်ရောက်လာကြသည်။

အလှူက မြိုင်တာပေါ့။ ဆရာတော်က
လည်းစည်စည်ကားကားတွေ့ရတော့
ဝမ်းသာတယ်နေတယ်။ လိုက်လာသူ
တွေကို ကျောင်းထိန်းသိမ်းရေးတာဝန်
ခံတွေက ကလေးတွေရ​ဲ့ အိပ်ဆောင်
တွေကို လိုက်ပြကြတယ်။ လိုအပ်ချက်
တွေအတွက်လည်း အကူအညီတောင်း
ခံရင်းပေါ့။

တချို့ကတော့ နေ့လယ်
အလှူအတွက် အကျွေးအမွေးဘက်မှာ
ဝင်ကူကြတယ်။ အစကတော့ ကလေး
တွေက ရှက်နေပေမဲ့ မကြာဘူး တက္က
သိုလ်ကျောင်းသား အစ်ကိုကြီးအစ်မ
ကြီးတွေနဲ့ရင်းနှီးသွားကြတယ်။ လူချင်း
သာ အနီးကပ်မတွေ့ဖြစ်ကြတာ။
နေ့စဥ် သူတို့ကျောင်းရှေ့ကနေဖြတ်
သွားကြတဲ့ ကားတွေပေါ်ကနေ ဒီအဖြူ
နက်ပြာ တွေကို ရင်းနှီးပြီးသားဖြစ်နေ၏။

မြေ့Where stories live. Discover now