Extra II

38.6K 4.4K 866
                                    

အိမ်ကို အထုပ်နဲ့ အထည်နဲ့ကို ရောက်လာသောညီလေးရယ်ပါ။ Laggageနဲ့ကို အပီလာခြင်းဖြစ်သည်။ ကားပေါ်က ပွေ့မချရုံတကယ်ဖြစ်နေသော နေသစ်ကိုသာ မမှိတ်မသုန်ကြည့်နေသော ညီကြောင့် ကားတောင်ဂိုဒေါင်ထဲ သေချာမသွင်းနိုင်ဘူး။ ပြီးပြီးရောသွင်းတာတောင် မမှီလိုက်ဘူး။ မေကြီးက
"သားလေး လာလာ" ဆိုပြီး အိမ်ထဲကိုခါးဖက်ပြီး ခေါ်ချသွားပြီ။

သူ ခြေတစ်လှမ်းနောက်ကျလေခြင်း။
ဧည့်ခန်းထဲမှာ ထိုင်နေသော ညီလေးနားဝင်ထိုင်တော့ အဝတ်လဲပြီးတဲ့ မမလေးကပြန်ထွက်လာသည်။ မမကြီးဖုန်းကိုလက်ခံဖြေဆိုရင်းနဲ့ပေါ့...

"အခုပဲ အိမ်ရောက်တာ မမကြီး။ ထိုင်နေတယ်"

မမကြီးဘာမေးလဲ မသိ။ ဖုန်းဖြေနေရင်းမှနေသစ်ကိုတစ်ချက် မဲ့ကာရွဲ့ကာဖြင့်တစ်ချက်လှမ်းကြည့်ပြီး

"အမယ်လေး မျက်နှာပိုးကိုအိမ်ရောက်မှသာကြည့်တော့ မမကြီးရေ" ဆိုပြီးပြောလေရဲ့...

ပြောပါစေလေ။ ညီလေး ရှေ့ကိုရောက်လာပြီ။ ဘာမဆို ခံနိုင်ရည်ရှိနေပြီ။
မေကြီးကတော့ နေသစ် တောင်မကပ်ရ။

"အိမ်ထဲမှာပဲနေတာကြာလို့လား မသိဘူး။သားလေး အသားလေးတွေ ပိုဖြူလာတယ်" ဆိုပြီးဆံပင်လေးသပ်ပေးလိုက်၊ ပခုံးလေးပုတ်လိုက်နဲ့ ယုယကြင်နာနေသည်။

"မေကြီးရေ...အဲ့ဒါ မေကြီးသမီးတွေ မဟုတ်ဘူး" လို့လည်းမပြောရဲဘူး။ မမလေးက သောက်ကဲပါတယ်ဆိုပြီး ထနရင်းအုပ်လိမ့်မည်။

"ညီ...မင်း ဘယ်လိုလုပ်ပြီး လာနေမယ်ဖြစ်သွားတာလဲ"

မဖြေသေး။ မမလေးကိုတစ်ချက်လှမ်း
ကြည့်သည်

"နင် ဒီလေါက် အိမ်မှာ ဖြစ်ပျက်ပြနေမှတော့ ငါတို့က နေနိုင်တော့မလား။ ခန့်ညီရေ လာခဲ့တော့ ဆိုပြီး​ပင့်ရတော့တာပေါ့"

"ငါ...မင်းနဲ့တွေ့ချင်လို့"

မမလေးရဲ့ အပြောနဲ့ ဆန့်ကျင့်စွာ ခပ်တိုးတိုးနှင့် ညင်ညင်သာသာ ပြောဆိုလာသူ။
ဆဲဆိုခဲ့သည့် အပြားလို၊ လက်နှီးစုပ်လေးမှ ဟုတ်ပါလေစ။ ကြည့်မဝလောက်အောင်ကိုယ့်ဘဲ အရမ်းချောနေသလိုပါပဲ။ ကိုယ့်ရည်းစားကိုယ်အစကနေပြန်ကြွေနေသည့်အဖြစ်။

မြေ့Where stories live. Discover now