Daisy(1)

1.2K 87 58
                                    

Daisy...

နူးညံ့တဲ့ပန်းတပွင့်ကို ကိုယ့်လက်နဲ့ဆွတ်ခူးဖို့ဘယ်တုန်းကမှမထိုက်တန်ခဲ့ပါဘူး

•••••••••••

(ဝုန်းးးးး) (ခွမ်းးးး)

ခြံကျဥ်းကျဥ်းလေးထဲ ကိုယ်ဖျက်စီး ကန်ကျောက်ပစ်လိုက်တဲ့ ပစ္စည်းအစအနတွေပျံ့ကျဲနေလေသည်
အစထဲက စုတ်တီးစုတ်ပြတ်နေရာမို့ ကိုယ်သောင်းကျန်းလိုက်ရင်ရစရာကိုမရှိ

အိမ်တခါးကိုဆောင့်ကန်ပြီးဝင်လာတာမို့ တခါးကပါ ရှေ့နောက်လွှဲနေလေရဲ့

"ရက်ပြည့်နေတာ သိလားး
ဘယ်မလဲ ပိုက်ဆံ!..."

အနက်ရောင်shirtကို လက်ခေါက်တင်လိုက်ရင်းပြောလိုက်တော့
ရှေ့ကကောင်ကတုန်ယင်လျက်

ကိုယ်ကလဲရက်မပြည့်ပဲလာမတောင်းပါဘူး
တိတိကျကျပဲလုပ်တတ်တာ သူတို့ဘက်ကသာကတိတည်မယ်ဆို ဘာမှကြမ်းစရာမလို
ပိုက်ဆံယူမယ် ပြန်ပေးမယ် ဒါ အရှင်းဆုံးပဲမလား

"..ဟို ဟို နောက်ထပ် 1ပတ်လောက်ပဲအချိန်ပေးပါ တကယ်အဆင်မပြေဖြစ်နေလို့ပါ"

(ခွပ်)

(ခွပ်)

မျက်နှာတခုလုံးစုတ်ပြတ်သည်အထိလက်သီးစာကျွေးလိုက်ပြီး ကော်လံစကိုလက်တဖက်ထဲနဲ့ဆွဲဆောင့်ကိုင်ကာ အော်ပစ်လိုက်သည်

အချိုးတွေကဘယ်တော့မှမပြေ တယောက်ကိုတမျိုးစီ.
အဲ့ဒါကြောင့်လဲ ကျတော်တို့လိုလူတွေကြမ်းရမ်းနေရတာ အပြစ်ပြောစရာမရှိ

"ပြောလိုက်ရင် အဲ့သောက်စကားတွေချည်းထပ်နေပြီ သေချင်နေတာလား ဟမ်!!"

"လာခဲ့ သူဌေးစီတခါထဲလိုက်ခဲ့တော့ မင်းဟိုရောက်မှရှင်း"

ဒီလိုကောင်မျိုးကို ကိုယ်နဲ့ရှင်းဖို့တောင်မလုံလောက်
hyungစီပို့​ပေးလိုက်မှ ကျိုးကန်းပြီး သူများပိုက်ဆံယူထားရင်ပြန်ဆပ်ရမယ်ဆိုတာသိမှာ
ချေးတုန်းကတော့ တမျိုး ပြန်ဆပ်ခါနီးကျတမျိုး
တခြားလူကိုသာအဲ့လိုသွားလုပ်လို့ရမယ်

ကိုယ်တို့က သာမန်ငွေတိုးချေးတဲ့သူတွေမှမဟုတ်တာ
အဖွဲ့နဲ့လေ တခုခုဆိုမလွယ်ဘူး
ကိုယ်ကသက်ညှာရင်တောင် hyungကညှာမှာမဟုတ်ဘူး

Daisy(Completed)Where stories live. Discover now