Daisy(16)

396 62 35
                                    

<Unicode>

"အပြင်မှာမိုးတွေရွာနေတယ်"

ပြတင်းပေါက်မှန်ကိုထိမှန်နေတဲ့မိုးရေစက်လေးများအားကြည့်ကာပြောသည့်hyung

ကျတော်ကလဲကုတင်ပေါ်မှာ ကိုယ်တဝက်ထိုင်ရင်းကျတော့်ရှေ့ကhyungကိုကြည့်နေမိသည်
အရင်ကလိုမျိုးခက်ထန်မနေပဲတခုခုကိုလက်လျှော့လိုက်ပုံရသည့်hyungပုံစံကနွမ်းလျလို့

"Hyung ပြောပြလို့ရပြီလေ
ဟိုနေ့ကပြောမယ်ဆိုတဲ့ဟာ"

ကိုယ့်ဘက်ကစကားစပြောရတာကြောက်ပေမဲ့လဲသိချင်စိတ်ကပိုများတာကြောင့်ပြောထွက်ခဲ့သည်
Hyungပုံစံပြောင်းသွားလို့မလေးမစားလုပ်တာတော့မဟုတ်ပါ
ကျတော်သာမတောင်းဆိုရင်hyungဘက်ကစပြောဖို့အခွင့်မသာလောက်တာကြောင့်သာ

"သြော်...အင်းး"

တွေဝေနေတဲ့hyungပုံစံကမိုးရွာနေတာကြောင့်ခပ်အေးအေးခံစားရသည်ကိုပင်မေ့လျော့ကာရင်ထဲပူလောင်စေသည်
Hyungအဲ့လောက်ထိပင်ပန်းခံစားခဲ့ရတာလား
ကျတော့်ကိုတောင်အပူတွေ​ကူးလောက်တဲ့အထိ

"ငါ့မှာ...ညီလေးတယောက် ရှိတယ်....

ရှိခဲ့တယ်ဆိုရင်..ပိုမှန်မှာပါ"

ချက်ချင်းကိုပင်hyung'နှုတ်ခမ်းပါးကတဆတ်ဆတ်တုန်လာပြီးအသံတွေကလဲအနိမ့်အမြင့်မညီတော့
Hyungတချိန်လုံးဖုံးကွယ်ထားတဲ့ဒဏ်ရာကကျတော်တွေးထားတာထက်ကိုနက်ရှိုင်းတယ်ထင်

ညီ တဲ့...
Hyungဘယ်တုန်းကမှမပြောခဲ့ဖူးတဲ့မိသားစုကိစ္စပဲ
အဲ့ကိစ္စကြောင့်ပဲhyungအပြုအမူတွေကအေးစက်မာကြောနေတာလား

"အခုရော သူဘယ်မှာလဲဟင်"

"...ငါ ငါမသိဘူး...

သေသွားပြီလို့ပဲမှတ်လိုက်ဖို့ပြောတယ် Maaတို့က"

အသက်ရှူသံတွေမြန်လာပြီးhyung'မျက်လုံးတွေတောင်နီလာခဲ့သည်
အိပ်မက်ဆိုးမက်ပြီးယောင်တာတွေ သိခဲ့ပေမဲ့ အမြဲတမ်းမာကြောနေခဲ့တဲ့hyung..အားနည်းတဲ့ပုံစံက အခု ပထမဆုံး

ဘယ်လောက်တောင်ဆိုးဝါးလို့ hyungမေ့ထားချင်ခဲ့တာလဲ

"ငါ့ကြောင့် ညီလေးပျောက်သွားရတာ...ငါ့ အပြစ်ပါ"

Daisy(Completed)Where stories live. Discover now