Daisy(3)

524 73 37
                                    

<Unicode>

"ညကအိပ်ဆေးသောက်လိုက်သေးတာလား hyung"

အိပ်ယာသိမ်းပေးရင်းကုတင်ထောင့်နားစားပွဲပေါ်ကအိပ်ဆေးဘူးကိုတွေ့တာကြောင့်မေးလိုက်တယ်
Hyungသောက်နေကျအိပ်ဆေးကိုကျတော်မှတ်မိတယ်လေ

"အင်း"

ဟာ hyungကတော့...
အဲ့ဆေးတွေသောက်နေတာရပ်ဖို့ကျတော်အမြဲပြောတယ် ပြောတိုင်းလဲဘယ်တော့မှနားမထောင်ဘူး...
ကျတော်ကhyungအတွက်စိတ်ပူလို့လေ

"ဒီဟာတွေမသောက်တော့ဖို့ကျတော်ပြောထားတယ်လေ...ကျန်းမာရေးထိခိုက်မယ်"

"ငါအိပ်မပျော်လို့သောက်တာ...
ဘာမှအထူးအဆန်းလုပ်မနေနဲ့"

ကျတော်စကားအရမ်းများမိသွားတော့ hyungဒေါသထွက်သွားဟန်တူသည် လေသံကပိုပြီးမာန်ပါနေကာ အကြည့်တွေကစူးရှနေသည်

Hyungအိပ်ဆေးမသောက်ရင်အိပ်မပျော်တတ်တာသိပေမဲ့ အမြဲတမ်းကြီးသောက်နေလို့မဖြစ်ဘူးလေ..
ဆရာဝန်ပြဖို့ကိုလဲအမြဲငြင်းတော့..

စိတ်ပူခွင့်တောင်မရပါလား hyung

"တောင်းပန်ပါတယ် hyungnim"

အိပ်ယာကိုမြန်မြန်သိမ်းပြီး လုပ်စရာရှိတာလုပ်ကာ လူစုရမည့်အခန်းထဲဝင်လာခဲ့သည်
Hyungကကြိုရောက်နှင့်ပြီး ဆေးလိပ်တလိပ်ကိုတောင်သောက်နေလိုက်သေးတာ
စားပွဲပေါ်ကိုခြေထောက်တင်တတ်တာကတော့hyung'အကျင့်လိုဖြစ်နေပြီ

"Yifan...မင်းကChansungစီကိုသွား
ပိုက်ဆံမပါပဲပြန်မလာခဲ့နဲ့"

"Nae hyungnim"

တယောက်ချင်းစီကိုသွားဖို့နေရာတွေချပေးလိုက်ပြီး ကျတော့်ကိုတော့ chansungဆိုတဲ့လူစီပို့သည်
သူကပိုက်ဆံအများကြီးချေးထားတာပဲ..
ဒီတသက်ကျေပါ့မလား

အင်းး အဲ့ဒါငါနဲ့မဆိုင်ပါဘူး ပိုက်ဆံရဖို့ပဲအရေးကြီးတယ်

(ဒုန်းးး) (ဒုန်းးး)

"တခါးဖွင့်စမ်းးးး!"

စိတ်မရှည်တော့တာကြောင့် ကန်ဖို့ခြေထောက်မြှောက်လိုက်တုန်းရှိသေး တခါးပွင့်လာတာကြောင့်ခြေထောက်ပြန်ချလိုက်ရသည်
အိမ်တခါးကနိမ့်တဲ့အပြင် ကိုယ့်အရပ်ကပါအရမ်းရှည်နေတော့တော်တော်ငုံ့ပြီးဝင်ရတာ

Daisy(Completed)Hikayelerin yaşadığı yer. Şimdi keşfedin