Daisy(10)

444 65 41
                                    

<Unicode>

"ငါဘယ်လိုနေလဲ"

"...အရမ်းကြည့်ကောင်းတယ် hyung"

မနက်အစောကြီးထဲကပြင်ဆင်နေသည့်Hyung..အရေးတကြီးအစည်းအဝေးရှိရင်တောင်အဲ့လောက်မလုပ်ဖူးတဲ့hyungကခုတော့ ဆံပင်ကိုဂျယ်လ်တွေလိမ်းလို့ အနောက်တိုင်းဝတ်စုံကလဲတောက်တောက်ပြောင်ပြောင်နှင့်...မှန်ရှေ့ကပင်မခွာ

ပျော်နေသည့်hyungအပြုံးမပျက်အောင်အလိုက်အထိုက်နေကြည့်ပေမဲ့ရင်ထဲကသေမတတ်နာကျင်သည်

Yeollieကိုချစ်နေတဲ့Hyung..ကို...Yeollieကိုချစ်နေတဲ့ကျတော်က...ကူညီပြင်ဆင်ပေးနေရတာ
သိပ်​ခန့်ညားတယ်လို့ပြောနေရတာ
ကျတော်သိပ်ချစ်တဲ့yeollieကိုပေးရတော့မဲ့လူကို...

နဲနဲတော့...ရူးကြောင်ကြောင်နိုင်သလားပဲ

"မင်းလိုက်ခဲ့မလား Yifan"

"ဟင့်အင်း ကျတော်ဒီကပဲစောင့်နေတော့မယ် hyung"

တောင်းပန်ပါတယ် Hyung....

Yeollieနဲ့Hyungအတူရှိနေမဲ့ မြင်ကွင်းကိုကျတော်မမြင်ရက်လို့ပါ

Hyungရဲ့ဘဝထဲကို...hyungရဲ့လက်ကိုဆွဲပြီး...hyungရဲ့အပိုင်လို့ ဖြစ်သွားတော့မဲ့ ကျတော့်အချစ်ကို မမြင်ရက်နိုင်လို့ပါ

ကျတော်ရှေ့ဆက်ပြီးဘယ်လိုတောင့်ခံရမလဲမသိဘူး အင်အားတွေမရှိတော့ဘူး...
အရင်ကကိုယ့်ကိုယ်ကိုမာကြောတယ်ထင်ခဲ့သမျှ အခုကိုယ်သိပ်အားနည်းနေတယ် ဘာမှမလုပ်နိုင်ဘူး....

Yeollie....ကိုယ် တောင်းပန်ပါတယ်
Hyungကမင်းကိုပျော်အောင်ထားမှာပါ..

"Mianae"

သူ့ဓာတ်ပုံလေးကိုအနမ်းတချက်ပေးရင်း အံဆွဲထဲထည့်လိုက်တယ်
ကိုယ့်အချစ်တွေကိုအဲ့လိုပိတ်သိမ်းသင့်နေပြီ
အခုဆိုရင်ပဲyeollieကhyungအတွက်ဖြစ်သွားပြီမလား
ကျတော်က ပျောက်ကွယ်သွားတော့မှာ

အိမ်တခါးဖွင့်ရင်းစောင့်နေခဲ့တာ 1နာရီလောက်အကြာမှာ ခြေသံတွေကြားလာရတာမို့မျက်နှာကိုအဆင်ပြေဟန်လုပ်ရင်းမတ်မတ်ရပ်နေလိုက်သည်

အတတ်နိုင်ဆုံး ပင်ပန်းနေတဲ့ပုံမပေါက်အောင် နာကျင်နေတဲ့ပုံမပေါက်အောင် အားတင်းပြီး ဖုံးကွယ်ထားရသည်

Daisy(Completed)حيث تعيش القصص. اكتشف الآن