Daisy(12)

400 66 54
                                    

<Unicode>

"ကြွပါခမျာ...!"

ကြွပါသာပြောပြီးကိုယ်လဲဝင်လာရော..လန့်သွားတဲ့ကောင်ကခေါင်းကြီးငုံ့လျက် နတ်ပူးသလိုတုန်ယင်နေသည်

"ဟို....ပေးရမဲ့ရက် မပြည့်သေး..."

"ငါသိတယ်...Sojuတပုလင်းယူလာခဲ့"

ပိုက်ဆံလာကောက်တယ်ထင်ပြီးလန့်နေတာ
ကိုယ်အဲ့လောက်တောင်မကောင်းဆိုးဝါးနဲ့တူနေလို့လား ကိုယ့်ကိုမြင်ရင်ကြောက်လန့်နေကြတယ်

အင်းး ဖြစ်သင့်ပါတယ်
ဟိုတခါတုန်းကပွဲကြမ်းမိသွားတာ ဆိုင်က ခုံတွေကျိုး မှန်တွေကွဲနဲ့
တခါတလေကျအိမ်ချည်းပဲလိုက်ကောက်နေလို့မရဘူး သူတို့ပိုင်တဲ့နေရာတွေ အလုပ်တွေထိပါလိုက်ပြီးပွဲကြမ်းပေးရတယ်

အဲ့ဒါမှလဲပိုက်ဆံပေးရကောင်းမှန်းသိကြတာလေ

"အမြည်းမလိုဘူး.."

နေ့ခင်းကြောင်တောင်ကြီးမှာ ဆိုဂျူကိုရေလိုမော့နေတာ အမြည်းမပါဘာမပါနဲ့ ကိုယ့်ပုံစံကတော်တော်စိတ်ပျက်စရာ

ကိုယ်လဲအရက်သမားလုံးလုံးဖြစ်နေပါပြီ
စိတ်ညစ်တာတွေကိုအရက်နဲ့ဖြေသိမ့်နေတာ

"ဒါလေးးသုံးဆောင်ကြည့်ပါ...menuအသစ်မို့လို့"

ကြက်ကြော်ကိုဘယ်လိုတွေလုပ်ထားမှန်းမသိတဲ့ဟာလာချပေးပြီးပြောသည်
လျှော့ပေးလိုက်တော့လဲရောင့်တက်လာတာပဲ
ကိုယ့်ကို ကြော်ငြာသူကြီးလုပ်ခိုင်းနေတာ အရက်သမားဆိုပြီးမကြောက်တော့သလားမသိ

ကိုယ့်ပုံစံကလဲ အရင်လိုခပ်မိုက်မိုက်မဟုတ်...တယောက်ထဲတဖွဲ့လုပ်နေရတာဆိုတော့2ယောက်တဖွဲ့လောက်ကောင်တွေကိုပဲကြောက်ကြတော့မှာပေါ့

"သွားတော့"

ရပ်နေသေးတာကြောင့် သွားတော့ လို့ပြောလိုက်မှ ဟိုကုတ်ဒီကုတ်နဲ့ တခြားဝယ်သူတွေကိုရောင်းနေလေသည်
ကိုယ်လဲကြက်ကြော်စားလိုက် ဆိုဂျူသောက်လိုက်နဲ့ ဖြစ်ချင်တိုင်းကိုဖြစ်လို့

​yeollieနဲ့အတူစားခဲ့တုန်းကခံစားချက်နဲ့အကွာမှအကွာကြီး

"Yifan..."

Daisy(Completed)Where stories live. Discover now